Connect with us

Europe

ဂူလန်နှင့် အဆက်အသွယ်ရှိသည့် တူရကီ ရဲအရာရှိ ၁၂,၀၀၀ ကျော် ရာထူးမှ ဖယ်ရှား

တူရကီ စစ်အာဏာသိမ်းမှုအား ကြိုးကိုင်သူဟု စွပ်စွဲခံထားရသူ ဖာသူလ်လာ ဂူလန်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် မအောင်မြင်ခဲ့သော စစ်အာဏာသိမ်းမှုအား ကြိုးကိုင်သူဟု စွပ်စွဲခံထားရသော ဂူလန်နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသော တူရကီ ရဲအရှိ ၁၂,၈၀၁ ဦးအား ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အထွေထွေ လုံခြုံရေး ညွှန်ကြားမှု ဦးစီးဋ္ဌာနက အောက်တိုဘာလ ၄ ရက်၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဋ္ဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် ကြေညာချက်အရ ရာထူးမှ ဖယ်ရှားခံရသူ ၂၅၄၃ ဦးမှာ အဆင့်မြင့် အရာရှိများ ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဂူလန်နှင့် ဆက်သွယ်မှုရှိသည့် တူရကီ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ၃၇ ဦးကိုလည်း ရာထူးမှ ဖယ်ရှားလိုက်ကြောင်း နိုင်ငံပိုင် Anadoly Agency က ရေးသားထားသည်။

အမေရိကန် အခြေစိုက် တရားဟောဆရာဖြစ်သူ ဖာသူလ်လာ ဂူလန်သည် ဇူလိုင် ၁၅ ရက်က တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မအောင်မြင်ဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုအတွက် စွပ်စွဲခံထားရသူ ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်၌ အနည်းဆုံး လူ ၂၄၁ ဦး သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117