Connect with us

Europe

နျူကလီးယား နှင့် စွမ်းအင် ကိစ္စရပ်များတွင် ရုရှားက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုအား ဆိုင်းငံ့

ရုရှားသမ္မတ ပူတင် နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အစည်းအဝေးတစ်ခု၌ တွေ့ဆုံစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ အောက်တိုဘာ ၆ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် နျူကလီးယား နှင့် စွမ်းအင်ဆိုင်ရာ ကဏ္ဍများတွင် သိပ္ပံနည်းကျကျ သုတေသနပြုမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များ ၌ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီချက်အား ဆိုင်းငံ့ လိုက်ပြီဖြစ်ကြောင်း ရုရှားအစိုးရ က အောက်တိုဘာ ၅ရက်၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အပေါ် ပိတ်ဆို့တားမြစ်မှုများ တင်သွင်းခဲ့မှုနှင့် ဆက်နွယ်နေသည့် အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် သဘောတူညီချက်ပါ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း ၎င်းက ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

၂၀၁၃ခုနှစ် စက်တင်ဘာ ၁၆ရက် က သြစတြီးယားနိုင်ငံ Viennaမြို့တွင် ရုရှား-အမေရိကန် နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် နျူကလီးယားစွမ်းအင်အသုံးချရေးရည်ရွယ်ချက်ဖြင့် သိပ္ပံပညာရပ်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.