Connect with us

Europe

ဂျာမန်အမျိုးသမီး အား ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ်ဥရောပပါလီမန်ကရွေးချယ်

ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ် နိုဝင်ဘာလ ၁ ရက်တွင်စတင်တာဝန်ထမ်းဆောင်မည့် ဂျာမနီနိုင်ငံမှ မစ္စက်အာဆူလာ ဗွန်ဒါလီယင် အားတွေ့ရစဉ်(ဆင်ဟွာ)

စထရာ့စ်ဘော့ဂ်၊ ဇူလိုင်လ ၁၇ ရက်(ဆင်ဟွာ)

ဥရောပကော်မရှင်၏ လာမည့်ဥက္ကဋ္ဌအဖြစ် ဂျာမနီနိုင်ငံမှ မစ္စက်အာဆူလာ ဗွန်ဒါလီယင်(Ursula von der Leyen) အားဥရောပပါလီမန်က ဇူလိုင်လ ၁၆ ရက်တွင်မဲအများစုထက်အနည်းငယ်အသာဖြင့်ရွေး ချယ်ခဲ့ကြောင်းသိရသည်။ မစ္စက်အာဆူလာ က ဥရောပကော်မရှင်၏ ပထမဆုံးသောအမျိုးသမီးဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်ပြီး လိုအပ်သောမဲအများစုထက်အနည်းငယ်အသာဖြင့်သာ ရွေးချယ် နိုင်ခဲ့ခြင်းက ကမ္ဘာ့အကြီးမားဆုံးသောကုန်သွယ်ရေးအုပ်စုဖြစ်သည့် ဥရောပသမဂ္ဂအတွက် နိုင်ငံရေးအ ကျပ်အတည်းအခြေအနေကိုတားဆီးရန်အထောက်အကူဖြစ်ခဲ့သည်။

ဥရောပပါလီမန်တွင်ဥပဒေပြုအမတ်ပေါင်း ၇၄၇ ဦးရှိရာ အဆိုပြုချက်တစ်ရပ်အားအတည်ပြုနိုင်ရန်မဲအ ရေအတွက်ထက်ဝက်ဖြစ်သော ၃၇၄ ဦးထက်ပိုသောထောက်ခံမဲအများစုကိုရရှိရန်လိုသည်။ဥရောပ ပါ လီမန်၌ဇူလိုင်လ ၁၆ ရက်ကပြုလုပ်ခဲ့သော မဲဆန္ဒရွေးချယ်ပွဲတွင်မစ္စက်အာဆူလာ ကထောက်ခံမဲ ၃၈၃ မဲ ရရှိကာလိုအပ်သောထောက်ခံမဲအရေအတွက်ထက် ကိုးမဲအသာဖြင့်ပွတ်ကာသီကာအနိုင်ရရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။

သားသမီးခုနှစ်ဦး၏မိခင်ဖြစ်ပြီးဂျာမနီနိုင်ငံ၏ ပထမဆုံးသောအမျိုးသမီးကာကွယ်ရေးဝန်ကြီးလည်းဖြစ် သည့် မစ္စက်အာဆူလာ ကဇူလိုင်လ ၁၅ ရက်က ကာကွယ်ရေးဝန်ကြီးအဖြစ်မှနုတ်ထွက်မှုပြုခဲ့သည်။ ၎င်းအနေဖြင့်ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ်လာမည့်နိုဝင်ဘာလ ၁ ရက်တွင်စတင်တာဝန်ထမ်းဆောင် ရမည်ဖြစ်သည်။

မစ္စက်အာဆူလာ ဗွန်ဒါလီယင်ကိုဘယ်လ်ဂျီယံနိုင်ငံ၊ဘရပ်ဆဲလ်မြို့တွင်မွေးဖွားကြီးပြင်းခဲ့ပြီး၎င်း၏ဖခင် မှာလည်းဥရောပသမဂ္ဂတွင် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ခဲ့သည်။ မစ္စက်အာဆူလာအနေဖြင့် ဥရောပ သမဂ္ဂ၏ဌာနခွဲတစ်ခုဖြစ်သော ဝန်ထမ်း ၃၂,၀၀၀ ခန့်ရှိသည့် ဥရောပကော်မရှင် ကို၎င်း၏မွေးရပ်မြေ နိုင်ငံ၌ပင်ခေါင်းဆောင်သွားရမည်ဖြစ်သည်။

မစ္စက်အာဆူလာ ဗွန်ဒါလီယင် ကလေ့ကျင့်မှုပြည့်ဝသည့် အမျိုးသမီးဆရာဝန်တစ်ဦးလည်းဖြစ်ပြီး အင်္ဂ လိပ်၊ပြင်သစ်နှင့်ဂျာမန်စကားတို့ကိုကောင်းစွာပြောဆိုနိုင်ကြောင်းလည်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.