Connect with us

Europe

ဂျာမန် တိရစ္ဆာန်ရုံ၌ တရုတ် ပန်ဒါ ဝက်ဝံ သားပေါက် နှစ်ကောင် ပထမဆုံး အကြိမ် မွေးဖွား

တရုတ် ပန်ဒါ ၀က်ဝံမကြီး Meng Meng အား တွေ့ ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ဂျာမနီ နိုင်ငံ မြို့တော် ဘာလင်မြို ့ရှိ တိရစ္ဆာန်ရုံ တစ်ရုံ၌ ယနေ့(စက်တင်ဘာ ၂ ရက်)နံနက်ပိုင်းတွင် တရုတ် ပန်ဒါ ဝက်ဝံ သားပေါက် နှစ်ကောင်ကို ပထမဆုံး အကြိမ် မွေးဖွားခဲ့ကြောင်း Tierpark Berlin တိရစ္ဆာန်ရုံ၏ တရားဝင် တွစ်တာ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဂျာမန် တိရစ္ဆာန်ရုံ၌ ပထမဆုံး အကြိမ် မွေးဖွားခဲ့သော တရုတ် ပန်ဒါ ဝက်ဝံ သားပေါက် နှစ်ကောင်အား တွေ့ရစဉ်(ဓာတ်ပုံ – အင်တာနက်)

“တရုတ် ပန်ဒါ ဝက်ဝံမကြီး Meng Meng ဟာ သားပေါက် နှစ်ကောင် ရှိတဲ့ မိခင် ပန်ဒါ ဝက်ဝံမကြီး တစ်ကောင် ဖြစ်လာပါတယ်။ ကျွန်တော်တို့အရမ်း ပျော်ရွှင်ပါတယ်။ ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး။”ဟု Tierpark Berlin တိရစ္ဆာန်ရုံက ၎င်းတို့၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။(Xinhua)