Connect with us

Media

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဂါဇာဒေသက တိရစ္ဆာန်ရုံရှိ သတ္တဝါလေးများ ချို့တဲ့သောအခြေအနေ ကြုံတွေ့နေရ

ဂါဇာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ် ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသက တိရစ္ဆာန်ရုံရှိ သတ္တဝါလေးများမှာ ချို့တဲ့သော နေထိုင်မှုအခြေအနေများဖြင့် ကြုံတွေ့လျက်ရှိကြောင်း သိရသည်။
ဂါဇာဒေသ တောင်ပိုင်း ရာဖာမြို့တွင် လွန်ခဲ့သော ရက်အနည်းငယ်က အနီးဝန်းကျင်ရှိ လူနေအိမ်တစ်လုံးကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တောရိုင်းတိရစ္ဆာန်များစွာ နေထိုင်လျက်ရှိသော တိရစ္ဆာန်ရုံတစ်ခု ပျက်စီးခဲ့ကြောင်း သိရသည်။

ရာဖာတိရစ္ဆာန်ရုံပိုင်ရှင် Mohammed Jomaa က “တိရစ္ဆာန်ရုံအတွင်းပိုင်းက အခြေအနေကတော့ အစ္စရေးက တိုက်ခိုက်မှုလုပ်နေဆဲဖြစ်တဲ့အတွက် အလွန်ပဲခက်ခဲပါတယ်။ ချင်ပန်ဇီမျောက်ဝံတွေနဲ့ မျောက်တွေ သေဆုံးနေတာ တွေ့ရတယ်။ တိရစ္ဆာန်လေးတွေက ဆေးဝါးအခက်အခဲရော၊ ကုသမှုတွေရော မရကြဘူး။ ဘာလို့လဲဆိုတော့ ဆရာဝန်တွေက ဒီကိုလာပြီး မကုသပေးနိုင်ဘူးလေ။ လက်ရှိမှာတော့ တိရစ္ဆာန်လေးတွေအတွက် ကုသမှုပေးဖို့ရော စားစရာအတွက်ရော တော်တော်လေးရှာဖွေနေရတယ်။ ကျွန်တော်တို့အတွက် အခြေခံလိုအပ်ချက်တွေတောင်မှ မရကြတာ။ တကယ်တော့ ဂါဇာမှာ လူတွေထက် တိရစ္ဆာန်လေးတွေက ပိုပြီးခံစားနေကြရတာပါ” ဟု ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(English Version)
Zoo animals in Gaza suffer from poor conditions amid ongoing conflict
Amid the ongoing Israel-Hamas conflict, zoo animals in the Gaza Strip have also been suffering from poor living conditions.
In Rafah city in the south of Gaza, a zoo, housing many wild animals, was damaged by an Israeli airstrike that attacked a nearby residential house a few days ago.
SOUNDBITE 1 (Arabic): MOHAMMED JOMAA, Owner of the Rafah zoo
“The conditions inside the zoo are very difficult amid the ongoing Israeli strikes. I have found some chimpanzees and monkeys that have died. The animals have been suffering from a lack of medicines and veterinary treatment because no doctor can come here to treat them. Currently, we can rarely find treatment and food for the animals. Even the basic needs for ourselves are not met. In fact, the animals are suffering as much as the humans in Gaza.”