Connect with us

Europe

အမေရိကန်သမ္မတ ခရီးစဉ် ဖျက်သိမ်းလင့်ကစား ဒိန်းမတ်၌ ဆန္ဒပြပွဲများဆက်လက်ဖြစ်ပွား

ဒိန်းမတ်နိုင်ငံ၌ အမေရိကန်သမ္မတအား ကန့် ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုပင်ဟေဂင် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

စက်တင်ဘာ ၂ ရက်က ဒိန်းမတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အား ဖျက်သိမ်းခဲ့လင့်ကစား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ဒိန်းမတ်ပြည်သူရာပေါင်းများစွာသည် ယင်းနေ့တွင် စုဝေးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သမ္မတဒေါ်နယ်ထရမ့်သည် စက်တင်ဘာ ၂ ရက် မှ ၃ ရက် အထိ ဒိန်းမတ်နိုင်ငံသို့လာရောက်လည်ပတ်ရန် မူလက စီစဉ်ထားသော်လည်း ဒိန်းမတ်ခေါင်းဆောင်များက နိုင်ငံပြင်ပတွင်တည်ရှိသော ဒိန်းမတ်ပိုင် ဂရင်းလန်း (Greenland)ကျွန်းအား အမေရိကန်သို့ရောင်းချရန် ငြင်းဆိုခဲ့ပြီးနောက်တွင် ထရမ့်က ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ အမေရိကန်သံရုံးပြင်ပတွင် ဆန္ဒပြသူများက ဂရင်းလန်းကျွန်းပေါ်တွင်နေထိုင်ကြသူများအား ထောက်ခံအားပေးကြောင်း နှင့် စာနာထောက်ထားကြောင်းကို ထုတ်ဖော်ပြသခဲ့ကြသည်။ အချို့ဆန္ဒပြသမားများက ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်းကျွန်းကို ရောင်းစားရန်အတွက် မဟုတ်ကြောင်း စာတမ်းများ နှင့် ကြော်ငြာဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများထဲတွင် အမေရိကန်နိုင်ငံသားများလည်း ပါဝင်ပြီး အချို့သော အမေရိကန်အစိုးရ၏ မူဝါဒများအပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ နောက်ပိုင်းတွင် ဆန္ဒပြသမားများသည် Christiansborg နန်းတော် နှင့် ဒိန်းမတ်ပါလီမန်ဘက်သို့ဦးတည်၍ ချီတက်ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

(Zawgyi Version)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117