Connect with us

Europe

စပိန်တွင် အမျိုးသားတစ်ဦးအား ကိုကင်း ၄၈၂ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိ

စပိန်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် ကိုကင်းအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့ က အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဗင်ကားတစ်စီးအတွင်း သယ်ဆောင်လာသော ကိုကင်း ၄၈၂ကီလိုဂရမ်အား ယင်းအမျိုးသားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၈ ရက် က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသည် သြဂုတ် ၈ ရက် နံနက် ၁း၃၀နာရီ ဝန်းကျင်တွင် စပိန်နိုင်ငံ အရှေ့ပိုင်း ဗလန်စီယာဒေသ ရှိ ဆာဗဲလ်လားမြို့ ရဲစစ်ဆေးရေးဂိတ်တစ်ခုတွင် မရပ်ဘဲ မောင်းပြေးပြီးနောက် ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ကားပေါ်၌ ရဲတပ်ဖွဲ့သည် မတူညီသောအိတ်၂၂အိတ် အတွင်း ဖွက်ထားသော ကိုကင်း ၄၈၂ကီလိုဂရမ် ကို ရှာဖွေတွေ့ရှိခဲ့ပြီး အချို့အိတ်များမှာ စိုစွတ်နေကာ သဲများဖြင့် ဖုံးအုပ်ထားကြောင်း တွေ့ရှိခဲ့သည်။

ကိုကင်းများအား ထောင့်မှန်စတုဂံပုံ အိတ်များအတွင်းထည့်ကာ ပလက်စတစ်ဖြင့်ပတ်ထားပြီး တစ်ထုပ်လျှင် တစ်ကီလိုဂရမ်အလေးချိန်ရှိကြောင်း နှင့် ယင်းကိုကင်းများသည် သန့်စင်ထားပြီးဖြစ်၍ မှောင်ခိုဈေးကွက်တွင် ယူရိုငွေ ၁၅သန်း ခန့် (အမေရိကန်ဒေါ်လာ ၁၇.၆သန်း) တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့က တရားခံနှင့် အတူ ယူရိုငွေ ၁,၀၀၀ ကို သိမ်းဆည်းရမိ၍ ယင်းငွေကြေးပမာဏသည် ကိုကင်းသယ်ဆောင်ခ ဖြစ်နိုင်ကြောင်း နှင့် ယင်းတရားခံသည် ယခင်ကလည်း အလားတူ ပြစ်မှုမျိုးကျူးလွန်ဖူးကြောင်း ပြောကြားခဲ့သည်။

ယာဉ်မောင်းသူအား အများပြည်သူ ကျန်းမားရေး ကို အန္တရာယ်ပေးမှုဖြင့် ဖမ်းဆီးကာ ချုပ်နှောင်ထားပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးနိုင်ရန် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.