Connect with us

Europe

ဆီးရီးယား စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ၉၃၅ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တူရကီသမ္မတပြောကြား

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေရစ် အာဒိုဂန် အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီ ၂၀ ရက်မှ စ၍ ကာ့ဒ်စစ်သွေးကြွများ ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့၌ တူရကီဘက်မှ တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့စဉ်ကတည်းက စစ်သွေးကြွ ၉၃၅ဦးကို နှိမ်နင်းနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၄ရက်တွင်ပြောကြားခဲ့သည်။

သမ္မတက တူရကီဘက်တွင်လည်း စစ်သည်များ ကျဆုံးမှုရှိကြောင်း ဗာတီကန်မြို့သို့ မထွက်ခွာခင် အစ္စတန်ဘူလ်မြို့၌ သတင်းထောက်များအားပြောကြားခဲ့သည်။

ယင်းနေ့မတိုင်မီ အစောပိုင်းရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) ကာ့ဒ်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် တင့်ကားတစ်စီးပေါက်ကွဲခဲ့ရာ စစ်သား ၅ဦးသေဆုံးမှုအပါအဝင် စုစုပေါင်း စစ်သား ၈ဦးသေဆုံးခဲ့ရာ စစ်ဆင်ရေးစတင်ကတည်းက တူရကီဘက်မှ သေဆုံးမှုအများဆုံးနေ့ရက်တစ်ရက် ဖြစ်ခဲ့ကြောင်း သိရသည်။

အာဒိုဂန် က တူရကီမှ အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားသော YPG အုပ်စု က အသုံးပြုခဲ့သည့် လက်နက်များအား မည်သည့်နိုင်ငံများက ထောက်ပံ့ပေးနေခြင်း အပါအဝင် ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တိုက်ခိုက်မှုနှင့် ပတ်သက်၍ အချို့သော ခန့်မှန်းချက်များရှိကြောင်း နှင့် အပြီးသတ် စုံးစမ်းစစ်ဆေးပြီးပါက တစ်ကမ္ဘာလုံးမှ သိရှိစေရန် ချပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

IS စစ်သွေးကြွများအား တိုက်ခိုက်ရာတွင် အမေရိကန်၏ မဟာမိတ်အဖြစ်ပါဝင်ခဲ့သော YPG အုပ်စုအား အမေရိကန်က လေ့ကျင့်ပေးခြင်း နှင့် လက်နက်တပ်ဆင်ပေးခြင်းကို တူရကီနိုင်ငံက လုံးဝလိုလားခြင်းမရှိဘဲ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ စခန်းချရာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ရှိ YPG အုပ်စုက ထိန်းချုပ်ထားသော Manbij မြို့အား ထိုးစစ်ဆင်မည်ဟု တူရကီနိုင်ငံက ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.