Connect with us

Europe

နယ်သာလန် နိုင်ငံ က တူရကီ နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အား တရားဝင် ပြန်လည် ခေါ်ယူကြောင်း ထုတ်ပြန်ကြေညာ

နယ်သာလန် နိုင်ငံ ဝန်ကြီးချုပ် Mark Rutte အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

သည်ဟိဂ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

နယ်သာလန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ တူရကီ နိုင်ငံ ဆိုင်ရာ နယ်သာလန် နိုင်ငံ သံအမတ်ကြီး အား တရားဝင် ပြန်လည် ခေါ်ယူကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ပုံမှန် လည်ပတ် နိုင်ရန် ဆွေးနွေးမှု များ အကြိမ်ကြိမ် ပြုလုပ် ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ထို့ပြင် နယ်သာလန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် နယ်သာလန် နိုင်ငံ က တူရကီ နိုင်ငံ ၌ သံအမတ်ကြီး ထားရှိခြင်း မရှိချိန်တွင် တူရကီ နိုင်ငံ မှ သံအမတ်ကြီး အားလည်း နယ်သာလန် နိုင်ငံတွင် တာဝန် ထမ်းဆောင်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း ပါဝင် ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လပိုင်း မှ စတင်၍ တူရကီ နိုင်ငံ ဆိုင်ရာ နယ်သာလန် နိုင်ငံ သံအမတ်ကြီး က အန်ကာရာ မြို့သို့ ဝင်ရောက်ခွင့် မရချိန်မှစ၍ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တင်းမာလာခဲ့သည်။တူရကီ နိုင်ငံ အစိုးရ ၏ ဝန်ကြီး နှစ်ဦးက ထိုအချိန်တွင် နယ်သာလန် နိုင်ငံ ၏ ဆန့်ကျင်မှု ကို အလေးမထားဘဲ နယ်သာလန် နိုင်ငံ သို့ လာရောက်ခဲ့ပြီး တူရကီ နိုင်ငံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒပြမှုပြုလုပ်ခဲ့သောကြောင့် နယ်သာလန် နိုင်ငံ ၏ ပြည်ဝင်ခွင့် ပိတ်ပင်မှု နှင့် နိုင်ငံအတွင်းမှ ထွက်ခွာစေမှု ခံခဲ့ရသည်။ ထို့နောက်တွင် တူရကီ နိုင်ငံ အစိုးရ က တူရကီ နိုင်ငံ ဆိုင်ရာ နယ်သာလန် နိုင်ငံ သံရုံးယာယီ တာဝန်ခံအား ၎င်းတို့အနေဖြင့် ခွင့်ရက်တွင် အနားယူထားသည့် နယ်သာလန် သံအမတ်အား တူရကီ နိုင်ငံ သို့ ပြန်လာရန် မကြိုဆိုကြောင်း အကြောင်းကြားစာ ပေးပို့ ခဲ့သည်။

အထက်ပါ အဖြစ်အပျက် များကြောင့် တူရကီ နိုင်ငံ သမ္မတ က နယ်သာလန် နိုင်ငံသား များသည် နာဇီအကြွင်းအကျံ နှင့် ဖက်ဆစ်ဝါဒ သမားများ ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး နယ်သာလန် နိုင်ငံ ဝန်ကြီးချုပ် Mark Rutte က ယင်းကဲ့သို့သော ပြောဆိုမှုမျိုးသည် ရူးသွပ်သည့် ပြောဆိုမှုမျိုးဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး မှာ တင်းမာ လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.