Connect with us

Europe

ဆီးရီးယား၌ ရုရှားလေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူးသေဆုံး

ဆီးရီးယားနိုင်ငံ၌ ပျက်ကျသွားသော ရုရှားလေယာဉ်အားတွေ့ ရစဉ် (ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၌ ရုရှားလေယာဉ်တစ်စင်းအား စစ်သွေးကြွတို့က ဒုံးကျည်းဖြင့် ပစ်ချခဲ့ရာ လေယာဉ်ပျက်ကျသွားပြီး ရုရှားလေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“ ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်မှာ Su-25 ရုရှားလေယာဉ်တစ်စင်း ပစ်ချခံရပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ အဲဒီ လေယာဉ် ပစ်ချခံရလို့လေယာဉ်မှူး သေဆုံးသွားပါတယ်။ ကနဦး စစ်ဆေးမှုအရ အဲဒီလေယာဉ်ဟာ လူတစ်ယောက် သယ်ပိုး သွားလာနိုင်တဲ့ ပခုံးထမ်း လေယာဉ်ပစ်ဒုံးကျည်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာပါ”ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လေယာဉ်ပစ်ခတ်ခံရပြီးနောက် လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ထွက်လွှတ်မြောက်ရန် ကြိုးပမ်းခဲ့ကြောင်း ၊ ယင်းနေရာသည် Nusra စစ်သွေးကြွများ ထိန်းချုပ်ထားရာနေရာဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုရှားလေယာဉ်မှူး၏ ရုပ်ကြွင်းကို မိခင်နိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးနိုင်ရန် ကြိုးပမ်းနေကြောင်းသိရသည်။ (Xinhua)