Connect with us

Europe

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ တွေ့ဆုံဆွေးနွေး


Nice ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၄ ရက် ညပိုင်းက Niceမြို့တွင် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီက ပြင်သစ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်တည်ထောင်ပြီးနောက် ပထမဆုံး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် အနောက်နိုင်ငံကြီးဖြစ်ပြီး တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့်တွေ့ဆုံဆွေးနွေးမှုများ အစောဆုံး ဆောင်ရွက်သည့်နိုင်ငံဖြစ်ကြောင်း ၊ အရပ်ဘက်သုံးနျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှု အစောဆုံးဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ် တည်ထောင်သည့် နှစ် ၇၀ ပြည့် ဖြစ်သလို တရုတ်-ပြင်သစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် ၅၅ နှစ်မြောက်လည်းဖြစ်ရာ ယခုကဲ့သို့ မင်္ဂလာအခါသမယတွင် ပြင်သစ်နိုင်ငံလာရောက်လည်ပတ်ခြင်းဖြစ် ထူးခြားလေးနက်သည့် အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သမ္မတရှီက မျက်မှောက်ခေတ်ကာလတွင် နိုင်ငံတကာအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးသည် အပြောင်းအလဲများ ဖြစ်နေသော်လည်း ယခင်အချိန်မှ ယခုအချိန်အထိ မပြောင်းလဲဘဲဆက်လက်တည်ရှိနေသည့်အချက်များရှိကြောင်း ပြောကြားခဲ့သည်။

ပထမဦးစွာ တရုတ်နိုင်ငံသည် တရုတ်-ပြင်သစ်နှစ်နိုင်ငံဆက်ဆံရေး၏ အလေးထားပုံကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ ဒုတိယအနေဖြင့် တရုတ်နိုင်ငံနှင့်ပြင်သစ်နိုင်ငံသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရှိရေး၊ သမာတမတ်ရှိရေးကို အတူအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို လည်း ပြောင်းလဲမည်မဟုတ်ကြောင်း ၊တတိယအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ဘုံအကျိုးစီးပွားဖြစ်ထွန်းမှုစသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ်စွာတိုးတက်လျက်ရှိခြင်းသည် နှစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လေးနက်သည့်အဓိပ္ပါယ်ရှိသလို ကမ္ဘာကြီးကိုလည်း အရေးပါသည့် သက်ရောက်မှုများ ရှိကြောင်း ၊ အကျိုးရလဒ်များ ဖြစ်ထွန်းစေရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်သစ်ကို အဆက်မပြတ် စူးစမ်းရှာဖွေရာမည်ဖြစ်သလို ဆွေးနွေးညှိနှိုင်းသတ်မှတ်ပြီးသော ခေတ်သစ်ပိုးလမ်းမကြီး အတူတည်ဆောက်ရေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ရာ Third-party ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်းတို့ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂရေးရာကိစ္စရပ်များ ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ ပြုပြင်ပြောင်းလဲမှုများ ၊ ရာသီဥတုပြောင်းလဲမှု စသည့် အရေးကိစ္စများတွင် မဟာဗျူဟာမြောက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်းကလည်း ပြီးခဲ့သောနှစ် တရုတ်နိုင်ငံလည်ပတ်ရေး ခရီးစဉ် သည် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော အောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း ၊ ယခုတစ်နှစ် ကျော်ကြာကာလတွင် သမ္မတရှီနှင့် ရရှိထားသည့် သဘောတူညီချက်များကို ပြင်သစ်-တရုတ်နှစ်နိုင်ငံ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဖလှယ်မှုများကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကို အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို အရေးကြီးသည့် မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံအဖြစ် သဘောထားကြောင်း၊ ရာသီဥတုပြောင်းလဲမှု စသည့် နိုင်ငံတကာ အရေးကိစ္စများတွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များကို ကျေနပ်အားရပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကို နီးနီးကပ်ကပ် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားကာ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်စည်ပင်သာယာဝပျောရေးကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

သမ္မတရှီကျင့်ဖိန်သည် မိုနာကိုနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားရောက်ပြီးနောက် ပြင်သစ်နိုင်ငံ Nice မြို့သို့ရောက်ရှိပြီး ပြင်သစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အား စတင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.