Connect with us

Europe

တူရကီသမ္မတ၏ ဖိတ်ကြားချက်အရ ထရမ့် တူရကီသို့ သွားရောက်မည်ဟု တူရကီ တာဝန်ရှိသူပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆတ် တေရစ် အာဒိုဂန် (ဝဲ) တို့ ၂၀၁၇ခုနှစ် စက်တင်ဘာ ၂၁ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ/AFP)

အန်ကာရာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၁၉နှစ်တွင် တူရကီနိုင်ငံသို့ လာရောက်လည်ပတ်ရန် သဘောတူခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Ibrahim Kalin က ဒီဇင်ဘာ ၂၄ရက်တွင်ကြေညာခဲ့သည်။

မြို့တော် အန်ကာရာမြို့တွင်ပြုလုပ်သော အစိုးရဝန်ကြီးများအစည်းအဝေးတစ်ခု အပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ၌ Kalin က လွန်ခဲ့သော ရက်သတ္တပတ်က နှစ်နိုင်ငံခေါင်းဆောင်များအကြား တယ်လီဖုန်းပြောဆိုမှုအတွင်း တူရကီနိုင်ငံ သမ္မတ ရီဆတ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) ၏ ဖိတ်ကြားချက်ကို ထရမ့်က လက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်များ ရုပ်သိမ်းခြင်းအတွက်စုစည်းဆောင်ရွက်ကြရေး ဆွေးနွေးညှိနှိုင်းရန် ယခုရက်သတ္တပတ်အတွင်း အမေရိကန်စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တူရကီနိုင်ငံသို့ လာရောက်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားမှ အမေရိကန်တို့ ဆုတ်ခွာသွားပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် အာဏာကင်းမဲ့မှုများကို ရှောင်ရှားရန် ရုရှားနိုင်ငံ နှင့်နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Kalin က တူရကီနိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တူရကီတပ်ဖွဲ့ဝင်များသည် ဒေသတွင်းလုံခြုံရေး နှင့် တည်ငြိမ်ရေးအတွက် ဆီးရီးယားနိုင်ငံ Idlib မြို့တွင် ဆက်လက် ရှိနေအုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် လွန်ခဲ့သော ရက်သတ္တပတ်က ဆီးရီးယားနိုင်ငံမှ တပ်ဖွဲ့ဝင်များ ပြန်ရုပ်သိမ်းမည့် အံ့သြဖွယ် ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။ အမေရိကန်တို့သည် ဆီးရီးယားနိုင်ငံ၌ IS စစ်သွေးကြွများကိုတိုက်ခိုက်နေသည့် ဆီးရီးယားကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) စစ်သွေးကြွများကို ကျောထောက်နောက်ခံပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.