Connect with us

Europe

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ စစ်ဘက်ဆိုင်ရာယာဉ်တစ်စင်း နိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင် တိုက်ခိုက်ခံရ

တူရကီ နိုင်ငံ တွင် စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စင်း ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

အန်ကာရာ ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စင်း က အောက်တိုဘာ ၄ ရက် ၌ နိုင်ငံအရှေ့တောင်ပိုင်း Batman ပြည်နယ် တွင် ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ အချိန် ခန့် တွင် Batman ပြည်နယ် ၌ စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စင်း ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရကြောင်း ၊ ဗုံးပေါက်ကွဲမှု မှာ လွန်စွာ ပြင်းထန်ပြီး အချင်းဖြစ်ပွားသည့် နေရာ တွင် အနက် ၁.၅ မီတာ ရှိသည့် ကျင်းတစ်ခု ဖြစ်ပေါ်စေခဲ့ကြောင်း ၊ Kurdistan အလုပ်သမား ပါတီ လက်နက်ကိုင် တပ်ဖွဲ့ တို့က ဗုံးခွဲတိုက်ခိုက်မှုအား ဆောင်ရွက်ခဲ့ပြီး အဝေးထိန်း ကိရိယာ ဖြင့် ဗုံးအား ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် အတွင်း တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဆီးရီးယား နှင့် အီရတ် နိုင်ငံ တို့၌ စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး Kurdistan အလုပ်သမား ပါတီ နှင့် အခြား ဆက်သွယ်မှု ရှိသော လက်နက်ကိုင် အင်အား များအား တိုက်ခိုက်မှု ပြုခဲ့သည်။ တူရကီ နိုင်ငံ ၏ စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ပြီးနောက်တွင် နိုင်ငံ အရှေ့တောင်ပိုင်း နှင့် နယ်စပ်ဒေသ လုံခြုံရေး အခြေအနေ မှာ ဆိုးရွားလာခဲ့ပြီး အစိုးရ တပ်ဖွဲ့ ၏ စစ်ဘက်ဆိုင်ရာ ယာဉ်တိုက်ခိုက်ခံရမှု မကြာ ခဏ ဖြစ်ပွား ခဲ့သည်။

Kurdistan အလုပ်သမား ပါတီ က ၁၉၇၉ ခုနှစ် တွင် ထူထောင်ခဲ့ခြင်း ဖြစ်ပြီး လက်နက်အင်အား ဖြင့် တူရကီ ၊ အီရတ် ၊ အီရန် နှင့် ဆီးရီးယား နိုင်ငံ တို့ ထိစပ် နေသည့် ဒေသများရှိ Kurdistan လူမျိုးများကို စုစည်းကာ သီးခြား နိုင်ငံ ထူထောင်ရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကာ လက်နက်ကိုင် အဖွဲ့ဝင်များက အီရတ် နှင့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်းဒေသ တွင် အများဆုံး တည်ရှိနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.