Connect with us

Europe

ရုရှား နိုင်ငံ အနေဖြင့် ရေနံ နှင့် သဘာဝဓာတ်ငွေ့ အား အမေရိကန် ဒေါ်လာ ဖြင့် တွက်ချက်မှု မပြုလုပ်ခြင်း ဆောင်ရွက်နိုင်ကြောင်း ပြောကြား

ရုရှား နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Alexander Novak အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Alexander Novak က ရုရှား နိုင်ငံ အနေဖြင့် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ တွင် အမေရိကန် ဒေါ်လာ အား အလုံးစုံ အသုံးပြုခြင်း မပြုလုပ်ဘဲ တွက်ချက်မှုများ ဆောင်ရွက်နိုင်ကြောင်း စက်တင်ဘာ ၄ ရက် ၌ ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ Novak က ရုရှား နိုင်ငံ ၏ စွမ်းအင် ကဏ္ဍ ဆိုင်ရာ နှစ်ပတ်လည် အခမ်းအနား တက်ရောက်စဉ် အတွင်း မေးမြန်းမှု အား ဖြေကြားရာတွင် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ တွင် အမေရိကန် ဒေါ်လာ အား အလုံးစုံ အသုံးမပြုခြင်း ကို အကောင်အထည် ဖော်နိုင်ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်ရန် အတွက် အပြန်အလှန် တွက်ချက်မှု ဆောင်ရွက်သည့် စနစ် နှင့် ကိရိယာ ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ ဘဏ်လုပ်ငန်းဆိုင်ရာ တွင် သက်ဆိုင်ရာ ပြောင်းလဲမှုများ ဆောင်ရွက်ပြီး နိုင်ငံတွင်း အသုံးပြုသည့် ငွေကြေး ဖြင့် ရောင်းဝယ်မှု အား ဖွံ့ဖြိုးတိုးတက်ရန်လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Novak က ရုရှား နိုင်ငံ အနေဖြင့် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ တွင် နိုင်ငံခြား စက်ပစ္စည်းများ အပေါ် မှီခိုမှု အား လျှော့ချ နိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.