Connect with us

Europe

ပါရီမြို့၌ ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားရာ တစ်ဦးသေ ၊ လေးဦးဒဏ်ရာရ


ပါရီ ၊ မေ ၁၃ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ခေါင်၌ မေလ ၁၂ ရက် ညပိုင်းတွင် လူတစ်ဦးက ဓားဖြင့် လိုက်လံတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ပါရီမြို့မှာ ဓားသမားတစ်ယောက်ရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် လူ ၅ ဦး ထိသွားတယ်” ဟု ပါရီမြို့အုပ်ချုပ်ရေးရုံး တွစ်တာစာမျက်နှာတွင်ရေးသားထားသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဓားကိုင် တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ တားဆီးထားပုံ(ဆင်ဟွာ)

“ ဓားနဲ့အခုတ်ခံရတဲ့ ငါး ဦးထဲမှာ တစ်ယောက်က ပွဲ ချင်းပြီးသေဆုံးသွားတယ်။အခြား နှစ်ယောက်က စိုးရိမ်ဖွယ် ဒဏ်ရာအပြင်းအထန်ရသွားပြီး ကျန် နှစ်ယောက်ကတော့ ဒဏ်ရာ အနည်းငယ်စီရသွားကြတယ်” ဟု ဖြည့်စွက်ဖော်ပြထားသည်။

ဓားသမားကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၊ ၎င်းအား ရဲတပ်ဖွဲ့က အသေပစ်သတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုမှာ ပါရီမြို့လယ်ခေါင် ပြဇာတ်ရုံရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် ပါရီပြဇာတ်ရုံ( Paris Opera House) နှင့် မီတာ ၄ဝဝ ကျော် အကွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Gerard Collomb က “စက်ဆုပ်ဖွယ်အပြုအမူ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်သတင်းအရင်းအမြစ် တစ်ဦးကို ကိုးကား၍ ပြင်သစ်နိုင်ငံ Le Figaro သတင်းစာကရေးသားရာတွင် ဓားသမားမှာ တိုက်ခိုက်စဉ်အတွင်း နှုတ်မှ တစ်စုံတစ်ရာ အော်ဟစ်ပြီး ရမ်းကားတိုက်ခိုက်ခဲ့ကြောင်း နှင့် အကြမ်းဖက်သမားတစ်ဦးအသွင်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံပါရီမြို့၌ ၂ဝ၁၅ ခုနှစ် နိုင်ဝင်ဘာလတွင် အိုင်အက်စ်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃ဝ ဦးသေဆုံးခဲ့ရသည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန်က တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံအတွင်းအကြမ်းဖက်ဝါဒကို နှိမ်နင်းခဲ့ကြောင်း သိရသည်။ (Xinhua)