Connect with us

Europe

ပိုလန်တွင် မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်က ဗုံး ၃လုံးတွေ့ရှိ

ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံးတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါဆော၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်း Kolobrzeg အပန်းဖြေမြို့ နှင့် နီးကပ်နေသော ဘောလ်တစ်ပင်လယ် ကြမ်းပြင်မှ မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်က ဗုံး ၃လုံးကို သြဂုတ် ၁၃ရက်က ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ဗုံးများရှာဖွေတွေ့ရှိသည့်နေရာအနီး တွင်နေထိုင်သော လူရာပေါင်းများစွာကို နေရာရွှေ့ပြောင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့၏နေရာများသို ပြန်လာခွင့်ပြုခဲ့ကြောင်း သိရသည်။

ဗုံးရှင်းလင်းရေးကျွမ်းကျင်သူများ နှင့် ရေငုပ်သမားများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် မပေါက်ကွဲသေးသော ဗုံး၃လုံး နှင့် အမျိုးအမည်မသိ အရာဝတ္ထု ၂ခုကို ဆယ်ယူခဲ့ကြောင်း သိရသည်။ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများ နှင့် စစ်သားများအပြင် ရဲတပ်ဖွဲ့ဝင် နှင့် မီးသတ်သမား ရာပေါင်းများစွာ ယင်းဗုံးရှင်းလင်းရေး လုပ်ငန်းစဉ်တွင်ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာမှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ယင်းဧရိယာတွင် မပေါက်ကွဲသေးသော အရာဝတ္ထုများမရှိတော့ကြောင်း၊ အန္တရာယ်ရှိနိုင်သည့် ဗုံး၃လုံးမှ ပေါက်ကွဲစေသည့် အရာများ နှင့် စနက်တံများကို ဖယ်ရှားပြီးကြောင်း နှင့် ၎င်းတို့အနက် ဗုံး၂လုံးမှာ အလေးချိန် ၂၅၀ကီလိုဂရမ် ခန့်ရှိကြောင်း သိရသည်။

အဆိုပါဗုံးများကို Drawsko Pomorskie မြို့ရှိ စစ်တပ်လေ့ကျင့်ရေးကွင်း၌ ဖောက်ခွဲလိုက်သည်ဟု ယူဆရကြောင်း သိရသည်။

ယင်းဗုံးများအား ရဲတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ရက်အနည်းငယ်ကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၁ရက်တွင် Kolobrzeg အာဏာပိုင်များက အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု စင်တာ အား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.