Connect with us

Europe

ဘူလ်ဂေးရီးယားနိုင်ငံအနီး ၁၉၂၁ခုနှစ်က နစ်မြုပ်ခဲ့သော အမေရိကန်သင်္ဘောမှ လောင်စာဆီယိုစိမ့်မှုဖြစ်ပွား

ဘူလ်ဂေးရီးယားနိုင်ငံအနီး နစ်မြုပ်ခဲ့သော အမေရိကန်သင်္ဘောမှ စိမ့်ထွက်လာသည့် လောင်စာဆီများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုဖီယာ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဘူလ်ဂေးရီးယားနိုင်ငံ Sozopol အပန်းဖြေစခန်း မှ ၁၀ကီလိုမီတာအကွာ ရှိ ပင်လယ်နက် အတွင်း ၌ ၁၉၂၁ခုနှစ်က နစ်မြုပ်နေခဲ့သော အမေရိကန်သင်္ဘောတစ်စီးမှ လောင်စာဆီပမာဏ အနည်းငယ် ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၃ရက်တွင်ပြောကြားခဲ့သည်။

ဘူလ်ဂေးရီးယားနိုင်ငံ ပို့ဆောင်ရေး၊ သတင်းအချက်အလက် နည်းပညာ နှင့် ဆက်သွယ်ရေးဝန်ကြီး Ivaylo Moskovski က လက်ရှိတွင် ယိုစိမ့်မှုသည် ပမာဏနည်းပါးပြီး အကန့်အသတ်ဖြင့် ယိုစိမ့်နေကြောင်း ပြောကြားခဲ့သည်။

၎င်းက ယခုအထိ ခရီးသွားဧည့်သည်များ နှင့် ဂေဟစနစ်အတွက် အန္တရာယ်မရှိကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးက လောင်စာဆီများ ယိုစိမ့်ပျံ့နှံ့လာမှုကို တားဆီးရန် ဆောင်ရွက်နေကြောင်း နှင့် ဥရောပရေကြောင်းသွားလာမှု ဘေးအန္တရာယ်ကင်းရှင်းရေးဌာန သည် ပင်လယ်ရေထဲသို့ ယိုစိမ့်နေခဲ့သော လောင်စာဆီများကို ပြန်လည်ဆယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဏာပိုင်များက သင်္ဘောပျက်အတွင်းမှ လောင်စာဆီများကို စုပ်ယူရန် ချက်ချင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

လောင်စာဆီပမာဏ နှင့် ပတ်သက်၍ သတင်းမရရှိသော်လည်း ကျွမ်းကျင်သူများက သင်္ဘောပျက်အတွင်း လောင်စာဆီတန်ချိန် ၁၀၀ မှ ၁၅၀ တန်အထိ ရှိနေသည်ဟု ယုံကြည်ကြကြောင်း Moskovski က ပြောကြားခဲ့သည်။

၎င်းက မကြာသေးမီကဖြစ်ပွားခဲ့သော မုန်တိုင်းတိုက်ခတ်မှု နှင့် ပင်လယ်ပြင်အောက် ရေစီးကြမ်းတမ်းမှုကြောင့် ယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Mopang အမည်ရှိ အမေရိကန်သင်္ဘောသည် ၁၉၂၁ခုနှစ် ဇူလိုင် ၁ရက်တွင် ရေမြှုပ်မိုင်းထိ၍ ပင်လယ်ရေအောက် မီတာ ၃၀ သို့ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117