Connect with us

Europe

ပြင်သစ်နိုင်ငံက နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသစ် တည်ဆောက်မည်ဟု သမ္မတ မက်ခရွန်ပြော

စင်ကာပူနိုင်ငံ ချန်ဂီရေတပ်အခြေစိုက်စခန်းတွင် ရပ်နားထားသော ပြင်သစ်လေယာဉ်တင်သင်္ဘော ချားစ်ဒီဂေါအား ၂၀၁၉ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပြင်သစ်နိုင်ငံသည် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသစ်တစ်စင်းကို တည်ဆောက်ကာ ၂၀၃၈ ခုနှစ်တွင် လေယာဉ်တင်သင်္ဘော ချားစ်ဒီဂေါ (Charles de Gaulle) နေရာ၌ အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အနာဂတ်စွမ်းအင်နဲ့ ဂေဟစနစ်က နျူကလီးယားစွမ်းအင်အပေါ် တည်မှီနေတယ်” ဟု ပြင်သစ်နိုင်ငံအလယ်ပိုင်း၊ Le Creusot ရှိ နျူကလီးယားစနစ်နှင့် ကိရိယာပစ္စည်းများထောက်ပံ့ရေး Framatome လုပ်ငန်းခွင်သို့ သွားရောက်လည်ပတ်စဉ် မက်ခရွန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒါကြောင့် ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ရေတပ်မှာအသုံးပြုမယ့် အနာဂတ်လေယာဉ်တင်သင်္ဘောဟာ ချားစ်ဒီဂေါလိုပဲ နျူကလီးယားစွမ်းအင်သုံး သင်္ဘောဖြစ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါပဲ” ဟု ၎င်းက ဆိုသည်။

ပြင်သစ် ရေတပ်၏ တစ်စင်းတည်းသော နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ချားစ်ဒီဂေါ (Charles de Gaulle) သည် အလေးချိန် ၄၂,၀၀၀ တန် ရှိပြီး အလျား ၂၆၁ မီတာ ရှိသည်။ အဆိုပါ သင်္ဘောသည် ၂၀၀၁ ခုနှစ်ကတည်းက စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်း၏နေရာတွင် ဆက်ခံမည့် လေယာဉ်တင်သင်္ဘောသစ်သည် အလျား ၃၀၀ မီတာခန့် ရှိပြီး အလေးချိန် တန် ၇၅,၀၀၀ ရှိမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် တည်ဆောက်ရေးစတင်ရန် စီစဉ်ထားကြောင်း ပြင်သစ်မီဒီယာက သတင်းဖော်ပြခဲ့သည်။ (Xinhua)

#France, #Nuclear_powered, #AircraftCarrier, #Xinhua, #ပြင်သစ်, #နျူကလီးယားစွမ်းအင်သုံး, #လေယာဉ်တင်သင်္ဘော, #ဆင်ဟွာ
…………………………………………

(English Version)

France to build new nuclear-powered aircraft carrier, says Macron

The French Navy’s lone nuclear-powered aircraft carrier Charles de Gaulle weighs 42,000 tons and is 261 meters long. It has been in service since 2001.

PARIS, Dec. 8 (Xinhua) — France will replace its Navy’s flagship Charles de Gaulle with a new nuclear-powered aircraft carrier by 2038, President Emmanuel Macron said on Tuesday.

“Our energy and ecological future depends on nuclear power,” Macron said during his visit to a site of nuclear system and equipment supplier Framatome in Le Creusot in central France. “This is why I decided that the future aircraft carrier, which will equip our country and our Navy, will be like the nuclear-powered Charles de Gaulle.”

The French Navy’s lone nuclear-powered aircraft carrier Charles de Gaulle weighs 42,000 tons and is 261 meters long. It has been in service since 2001. Its successor will be about 300 meters long and will weigh 75,000 tons. Construction is scheduled to start in 2025, French media reported.

1- File photo taken on May 28, 2019 shows a soldier on board the French aircraft carrier Charles de Gaulle docked at Changi Naval Base, Singapore, (Xinhua/Then Chih Wey)

2- File photo taken on May 28, 2019 shows French aircraft carrier Charles de Gaulle docked at Changi Naval Base, Singapore. (Xinhua/Then Chih Wey) 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.