Connect with us

Europe

ပြင်သစ်ပါလီမန်ရွေးကောက်ပွဲတွင် သမ္မတမက်ခရွန်၏ ပါတီက အနိုင်ရ

ပြင်သစ်နိုင်ငံ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လက်ရှိ သမ္မတမက်ခရွန် က မဲဆန္ဒရှင်ပြည်သူများကို လိုက်လံနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပါရီ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မက်ခရွန် ဦးဆောင်သော LREM ပါတီသည် အမတ်နေရာအများစုဖြင့် အနိုင်ရခဲ့ပြီး ဒုတိယအကျော့ အောက်လွှတ်တော်ရွေးကောက်ပွဲ နှင့် နောက်ဆုံးအချီ အပြီးသတ် ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသားအနိုင်ခဲ့သည့်အတွက် ပြင်သစ်နိုင်ငံ၏ အသက်ငယ်ဆုံး သမ္မတတစ်ဦးအဖြစ် မက်ခရွန်သည် လာမည့် ငါးနှစ်တာ သက်တမ်းကို တာဝန်ထမ်းဆောင်ခွင့်ရတော့မည်ဖြစ်သည်။

ပြင်သစ်လွှတ်တော်တွင် စုစုပေါင်း အမတ်နေရာ ၅၇၇ နေရာရှိသည့်အနက် LREM ပါတီသည် အမတ်နေရာ ၃၁၅ နေရာကို အနိုင်ရခဲ့ရာ လွှတ်တော်ကို ထိန်းချုပ်နိုင်ရန် လိုအပ်နေသည့် အမတ်နေရာ ၂၈၉ နေရာကို ကျော်လွန်၍ အမတ်နေရာအများစုဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း Kantar Sofres-onepoint pollster မှ ကောက်ယူထားသည့် စစ်တမ်းက ဆိုသည်။

ပြင်သစ်နိုင်ငံရွေးကောက်ပွဲ မဲရုံမြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

LREM ပါတီသည် မဟာမိတ်ဖွဲ့ထားသည့် MoDem ပါတီ နှင့်အတူ စုစုပေါင်း အမတ်နေရာ ၃၆ဝ ကို ပိုင်ဆိုင်ထားရာ အလုပ်သမားကျင့်ဝတ်များပြဌာန်းခြင်း ၊ ပြည်သူ့အသုံးစရိတ်များဖြတ်တောက်ခြင်း ၊ အခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်း ၊ လေ့ကျင့်သင်ကြားရေးတွင် ငွေကြေးပိုမိုရင်းနှီးမြှုပ်နှံခြင်း နှင့် စွန့်ဦးတီထွင်မှု ကဏ္ဍများတွင် ငွေကြေးရင်းနှီးမြှုပ်နှံခြင်းများ ကို ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၁၃၃ နေရာအနိုင်ရခဲ့ပြီး လွှတ်တော်တွင် အဓိကအတိုက်အခံပါတီအဖြစ် ရပ်တည်သွားတော့မည်ဖြစ်သည်။ သို့သော်လည်း ရီပတ်ဘလစ်ကန်တို့သည် မက်ခရွန်၏ အစိုးရအဖွဲ့ကို မည်သည့် ခြိမ်းခြောက်မှုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။လက်ယာအစွန်းရောက်အမျိုးသားအင်အားစု ( FN ) ပါတီသည် အမတ်နေရာ ၆ နေရာကို အနိုင်ရခဲ့ကြောင်း ၊ ယခင် လွှတ်တော်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် ဆိုရှယ်လစ်ပါတီက အမတ်နေရာအများစုကို ဆုံးရှုံးခဲ့ပြီး ၃၂ နေရာသာ အနိုင်ရခဲ့ကြောင်း သိရသည်။(Xinhua)