Connect with us

Europe

ပြင်သစ် နိုင်ငံ တောင်ပိုင်း ဒေသ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ အနည်းဆုံး ၆ ဦး သေဆုံး

အောက်တိုဘာ ၁၅ ရက် ၌ ပြင်သစ် နိုင်ငံ တောင်ပိုင်း ဒေသ တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြင်ကွင်း (ဆင်ဟွာ)

ပဲရစ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သတင်း မီဒီယာ ၏ ဖော်ပြချက်အရ နိုင်ငံ တောင်ပိုင်း Aude ပြည်နယ် တွင် အောက်တိုဘာ ၁၅ ရက် ညနေပိုင်း အချိန် ၌ မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွား ခဲ့သောကြောင့် လူ အနည်းဆုံး ၆ ဦး သေဆုံး ခဲ့ပြီ အိမ်ပြိုလဲမှု ကြောင့် လူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Aude ပြည်နယ် အုပ်ချုပ်ရေးမှူး က သတင်း မီဒီယာ များ နှင့် တွေ့ဆုံရတွင် မိုးသည်းထန်စွာ ရွာသွန်းမှု က ရုတ်တရက် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အချိန် ၅ နာရီ အတွင်း မိုးရေချိန် ၁၆၀ မှ ၁၈၀ မီလီမီတာ အထိ ရွာသွန်းခဲ့ကာ ၎င်းမှာ ပုံမှန် အချိန် ၅ လ အတွင်း ရွာသွန်းသည့် မိုးရေချိန် နှင့် ညီမျှကြောင်း ပြောကြား ခဲ့သည်။

Aude ပြည်နယ် အစိုးရ အောက်တိုဘာ ၁၅ ရက် ၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လုံခြုံရေး အရ ပြည်နယ် အတွင်းရှိ အထက်တန်းကျောင်း များအား ယင်းနေ့တွင် ပိတ်ကြောင်း ၊ ပြည်နယ် အတွင်းရှိ ရထားလမ်း အချို့ မှာလည်း လုပ်ငန်း လည်ပတ်မှု ရပ်နားကြောင်း ၊ ပြည်သူလူထု များအနေဖြင့် အိမ် အတွင်း နေထိုင်ကြရန် အကြံပြုကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ပြင်သစ် နိုင်ငံ ဝန်ကြီးချုပ် Édouard Philippe က သက်ဆိုင်ရာ ဌာန အသီးသီး အနေဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၇၀၀ ဦး အား စုစည်းကာ အချင်းဖြစ်ပွား သည့် ဒေသ တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်း မီဒီယာ များအား ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.