Europe
ပြင်သစ် သမ္မတက ဝန်ကြီးချုပ် အသစ် တစ်ဦး ခန့်အပ်

ပဲရစ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
လက်ရှိ ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve အား ဝန်ကြီးချုပ်အဖြစ် မန်နျူရယ် ဗောလ်စ် (Manuel Valls) ၏ နေရာ၌ ဒီဇင်ဘာလ ၆ ရက်တွင် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက အစားထိုး ခန့်အပ်လိုက်ကြောင်း သမ္မတ နန်းတော် The Elysee က ထုတ်ပြန်ချက်အရ သိရသည်။
Cazeneuve သည် ဆိုရှယ်လစ်ပါတီ၏ ငါးနှစ်တာ သက်တမ်း ကုန်ဆုံးမည့် လာမည့် နှစ် မေလမတိုင်မီအထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း The Elysee က သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။
သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည့် ဗောလ်စ်၏ နုတ်ထွက်စာအား ဟော်လန်ဒီက လက်ခံခဲ့ကြောင်း သိရသည်။
Cazeneuve သည် နိုင်ငံနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူ ဖြစ်ကြောင်း၊ ၎င်းသည် အစိုးရ၏ ဦးစားပေးအရာများထဲမှ တစ်ခု ဖြစ်သည့် လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စရပ်များ၌ ကောင်းစွာ သိနားလည်ကြောင်း သမ္မတ ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ဦးက ဒေသခံ အသံလွှင့်ဋ္ဌာန Europe 1 သို့ ပြောကြားလိုက်သည်။
ဗော်စ်သည် ၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် လက်ဝဲယိမ်း ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ပဲရစ်၏ လူကုံထံ ရပ်ကွက် Evry ၌ ကြေညာခဲ့သည်။ (Xinhua)