Connect with us

Europe

ကန်ဒေါ်လာ ၂.၂၅သန်း တန်ဖိုးရှိ တရားမဝင် ဆေးလိပ်များ ပိုလန်၌ဖမ်းဆီးရမိ

ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဆေးလိပ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါဆော၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ)
ပိုလန်အာဏာပိုင်များသည် ဘယ်လာရုစ်နိုင်ငံ နှင့် ထိစပ်နေသည့် ပိုလန်အရှေ့ပိုင်းနယ်စပ်တွင် အမေရိကန်ဒေါ်လာ ၂.၂၅သန်း တန်ဖိုးရှိသည့် တရားမဝင်ဆေးလိပ်များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆင်ရေးတစ်ခုအတွင်း တရားမဝင် ဆေးလိပ်အရေအတွက် အများဆုံး ဖမ်းဆီးရမိသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဒီဇင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။

ပိုလန်သတင်းဋ္ဌာနက ဖော်ပြချက်အရ မှောင်ခိုတားဆီးရေးအဖွဲ့ဝင်များက ပိုလန်ဇလော့တီငွေ ၉.၅သန်း တန်ဖိုးရှိသည့် ဆေးလိပ်ဘူးပေါင်း ၇၁၈,၀၀၀ဘူး နီးပါးအား ဖမ်းဆီးရမိခဲ့ပြီး ယင်းဆေးလိပ်များအား ပိုလန်နိုင်ငံတွင်ရောင်းချပါက ဇလော့တီငွေ ၁၅သန်း နိုင်ငံ၏ဘဏ္ဍာငွေအဖြစ်မှ ဆုံးရှုံးသွားနိုင်ကြောင်း သိရသည်။
တရားမဝင်ဆေးလိပ်များအား အထူးပြုလုပ်ထားသည့် ဓါတ်ငွေ့ထည့်သော ကန်များအတွင်း ထည့်သွင်းကာ ဘယ်လာရုစ်နိုင်ငံမှ ပိုလန်နိုင်ငံသို့ ကုန်တင်ရထားဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
အာဏာပိုင်များက ယခင်တရားမဝင် ဆေးလိပ်များအား ထရပ်ကားများဖြင့် သယ်ဆောင်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.