Connect with us

Europe

ဗြိတိန်တွင် လမ်းမရန်ပွဲတစ်ခု ၌ ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိ

ဗြိတိန်ရဲတပ်ဖွဲ့ဝင် တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လူတန်မြို့ ရှိ လမ်းမတစ်ခု တွင် ရန်ပွဲတစ်ခု ဖြစ်ပွားပြီးနောက် ဓားဒဏ်ရာများရရှိခဲ့သည့် လူအများအပြားအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။

လူတန်မြို့ ရှိ Saxon လမ်းမတွင် ရန်ပွဲများဖြစ်ပွားနေကြောင်း သတင်းပေးချက်ရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူများက သွေးထွက်သံယိုဖြစ်ပွားနေသော လူအများအပြားကို တွေ့မြင်ခဲ့ပြီး ၎င်းတို့အား ဆေးကုသပေးရန် လူနာတင်ယာဉ်တစ်ချို့ရောက်ရှိလာကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ နှင့် ဒေသခံကောင်စီ အဖွဲ့တို့သည် အဆိုပါ ဧရိယာအတွင်း လူသတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှု မြင့်တက်လာခြင်းအား ဆွေးနွေးရန် မေလတွင် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

ဓားထိုးမှုများ မြင့်တက်လာခြင်း၏ နောက်ကွယ်က အကြောင်းရင်းများအနက်တစ်ခု မှာ နယ်ပယ်ချဲ့ထွင်လာသော လန်ဒန်မူးယစ်ဂိုဏ်းများ နှင့် ဒေသခံမူးယစ်ဆေးဝါးရောင်းချသူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေ၍ ဖြစ်ကြောင်း ပြည်ထဲရေးဌာန က ပြောကြားခဲ့သည်။ (Xinhua)