Connect with us

Europe

နယ်သာလန်တွင် ရထားနှင့် တွဲဆိုင်းပါ စက်ဘီး တိုက်မိ၍ ကလေးငယ် ၄ဦး သေဆုံး

နယ်သာလန်နိုင်ငံရှိ တွဲဆိုင်းပါ လျှပ်စစ်စက်ဘီး နှင့် တိုက်မိခဲ့သည့် ရထားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယ်သာလန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်း Oss မြို့ တွင် စက်တင်ဘာ ၂၀ ရက်က ရထားတစ်စင်း နှင့် တွဲဆိုင်းပါ လျှပ်စစ် စက်ဘီးတစ်စီး တိုက်မိခဲ့၍ အသက် ၄နှစ် မှ ၁၁နှစ် အကြားရှိ ကလေးငယ် ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုသည် Oss West ဘူတာအနီး ရထားလမ်းကူးတစ်ခု ၌ ဒေသစံတော်ချိန် နံနက် ၈း၃၀နာရီ ပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ကလေးငယ် ၄ဦး သေဆုံးပြီး အခြားကလေးငယ်တစ်ဦး နှင့် လူကြီးတစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ကလေးစောင့်ရှောက်ရေးစင်တာမှ လျှပ်စစ်စက်ဘီး သည် ကလေးငယ်တစ်ချို့အား မူလတန်းကျောင်းတစ်ကျောင်း တွင် ချပေးထားခဲ့ပြီးနောက် Oss မြို့ ရှိ နောက်ထပ် မူလတန်းကျောင်း တစ်ခုကိုသွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ကလေးငယ် ၅ဦး သည် မိသားစု ၃ခုမှဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို တိကျစွာ သိရှိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။မျက်မြင်တွေ့ရှိခဲ့သူများက တွဲဆိုင်းပါ လျှပ်စစ်စက်ဘီးသည် ရထားလမ်းကူးသို့ ရောက်ရှိလာသည့်တိုင်အောင် မရပ်တန့်ခဲ့ကြောင်း၊ စက်ဘီးမောင်းသူသည် ဘရိတ်အုပ်၍ မရကြောင်းကို အော်ပြောခဲ့ကြောင်း နှင့် ယင်း စက်ဘီး သည် ရထား နှင့် ချိတ်မိသွားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံဌာန NOS သို့ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117