Connect with us

Europe

ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် မင်းသားကြီး အလုပ်တာဝန်များမှ အနားယူ

အီဒင်ဘာ့ဂ် မြို့စားကြီး ဖိလစ် (ယာ) နှင့် ဗြိတိန်နိုင်ငံ ဘုရင်မကြီး အဲလိစ်ဇဘက် (ဝဲ)တို့အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၄ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဘုရင်မကြီး အဲလိစ်ဇဘက် ၏ ကြင်ယာတော် အီဒင်ဘာ့ဂ် မြို့စားကြီး ဖိလစ် သည် ယခုနှစ် ဆောင်းဦးရာသီတွင် တော်ဝင်အလုပ်တာဝန်များမှ အနားယူတော့မည်ဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော် က မေ ၄ ရက်တွင် ကြေညာခဲ့သည်။

ယင်းဆုံးဖြတ်ချက်အား အီဒင်ဘာ့ဂ် မြို့စားကြီး ဖိလစ် ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကာ ဗြိတိန်ဘုရင်မကြီး က ထောက်ခံပေးခဲ့ကြောင်းနှင့် ဇွန်လတွင် မြို့စားကြီး အသက် ၉၆နှစ် ပြည့်မည်ဖြစ်ကြောင်း နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ဘက်ကင်ဟမ်နန်းတော် တွင် ပြုလုပ်ခဲ့သည့် တော်ဝင်ဝန်ထမ်းများဆိုင်ရာ အရေးပေါ်အစည်းအဝေးပွဲ၌ ယင်းဆုံးဖြတ်ချက်အား ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.