Connect with us

Europe

လန်ဒန် မိုးမျှော်တိုက်ကို ပေါင် ၁.၁၅ ဘီလီယံနှင့် တရုတ် CC Land က ဝယ်ယူ

လန်ဒန်၏ “Cheesegrater” မိုးမျှော်တိုက်အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက သူဋ္ဌေးကြီး Cheung Chung-kiu ဦးစီး လုပ်ကိုင်သည့် လုပ်ငန်း တစ်ခုဖြစ်သော CC Land ဟိုးလ်ဒင်း လီမိတက်က လန်ဒန်၏ “Cheesegrater” မိုးမျှော်တိုက်အား ပေါင် ၁.၁၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၄၉ ဘီလီယံ) ဖြင့် ဝယ်ယူရန် သဘောတူလိုက်ကြောင်း မေလ ၂ ရက်က ကြေညာလိုက်သည်။

လန်ဒန်တွင် အမြင့်ဆုံး အဆောက်အအုံ ဖြစ်ပြီး အဆောက်အအုံ ပုံစံဒီဇိုင်းကြောင့် Chessegrater ဟု လူသိများသော Leadenhall အဆောက်အအုံကို ဟောင်ကောင် အခြေစိုက် စီးပွားရေးလုပ်ငန်း ကုမ္ပဏီက ဝယ်ယူလိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဆောက်အအုံတွင် အထပ်ပေါင်း ၄၆ ထပ်ရှိပြီး ရုံးခန်းနှင့် လက်လီအရောင်းနေရာအတွက် ခန့်မှန်းခြေ စတုရန်းပေ ၆၁၀,၀၀၀ ကျယ်ဝန်းကြောင်း သိရသည်။

ယင်း အဆောက်အအုံ၌ နိုင်ငံတကာ အဓိက အာမခံ ကုမ္ပဏီများနှင့် ငွေကြေး အဖွဲ့အစည်းများ၊ နည်းပညာနှင့် ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု စီးပွားရေး အပါအအဝင် လုပ်ငန်းများအား ငှားရမ်းထားကြောင်း၊ လက်ရှိတွင် ယခုလို ငှားရမ်းခြင်းမှ ဝင်ငွေ ပေါင် ၄၀.၂ သန်း (အမေရိကန် ဒေါ်လာ ၅၁.၉ သန်း) ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်ကစ၍ Canary Wharf ရှိ HSBC တာဝါကို ပေါင် ၁.၁၈ ဘီလီယံဖြင့် ကာတာနိုင်ငံပိုင် ငွေကြေးရန်ပုံငွေ အဖွဲ့ထံ ရောင်းချမှုပြီးနောက် ယခုလို ရောင်းဝယ်မှုမှာ ယူကေတွင် အဆောက်အအုံ တစ်လုံးတည်း ရောင်းချမှုတွင် အကြီးဆုံး ဖြစ်သည်။

အဆိုပါ Leadenhall အဆောက်အအုံအား ၂၀၁၄ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးခဲ့ပြီး ကမ္ဘာ့ အဆင့်မီ မိုးမျှော်တိုက်နှင့် ရုံးခန်း တာဝါ တစ်ခု ဖြစ်လာခဲ့ကြောင်း၊ ယင်း အဆောက်အအုံမှာ တည်ငြိမ်ပြီး ခိုင်မာသော ဝင်ငွေများ တစ်ဖန် ရရှိလာနိုင်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.