Connect with us

Europe

ဗြိတိန်မော်ဒယ်တစ်ဦးအား ပြန်ပေးဆွဲသူကို အီတလီရဲတပ်ဖွဲ့ဖမ်းဆီး

ဗြိတိန်မော်ဒယ်တစ်ဦးအား ပြန်ပေးဆွဲခဲ့သည့် ပိုလန်နိုင်ငံသား တရားခံ Lukasz Pawel Herba အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မီလန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ ရဲတပ်ဖွဲ့ က မီလန်မြို့၌ ဗြိတိန်မော်ဒယ်တစ်ဦးအား ပြန်ပေးဆွဲပြီး အင်တာနက်ပေါ်တွင် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ဖြင့် ပြန်ရွေးရန် လေလံတင်မည်ဟု ခြိမ်းခြောက်ခဲ့သူကို ဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ပြန်ပေးဆွဲသူသည် အသက် ၃၀နှစ်အရွယ် ပိုလန်နိုင်ငံသား ဖြစ်ပြီး အသက် ၂၀ နှစ် အရွယ် မော်ဒယ်သည် အေးဂျင့်၏ စီစဉ်မှုအရ ဓါတ်ပုံရိုက်ကူးရန် မီလန်မြို့သို့ ဇူလိုင် ၁၀ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မော်ဒယ်သည် ဇူလိုင် ၁၁ရက်တွင် စတူဒီယို သို့ လာရောက်စဉ် ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရပြီး ဆေးခပ်ခံခဲ့ရကြောင်း၊ ထို့နောက် ဗြိတိန်နိုင်ငံတွင်နေထိုင်သူ ပိုလန်နိုင်ငံသား တရားခံ Lukasz Pawel Herba က ၎င်းအား ချုပ်နှောင်ထားမည့် Turin မြို့အနီးရှိ ရွာတစ်ရွာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၇ ရက်တွင် Herba သည် မော်ဒယ်မိန်းကလေးအား ပြန်လွှတ်ပေးခဲ့ပြီး ၎င်းအား မီလန်မြို့ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးသို့ သွားရောက် ပို့ဆောင်စဉ် Herba အား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းစာ Corriere della Sera ကဖော်ပြခဲ့သည်။ရဲတပ်ဖွဲ့က Herba သည် မော်ဒယ်မိန်းကလေးအား ရွာငယ်တစ်ရွာတွင် ထိန်းသိမ်းထားခဲ့ကြောင်း၊ ယင်းမော်ဒယ်အား အွန်လိုင်းတွင် လေလံတင်ခြင်းအား ရှောင်ရှားရန် စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ပေးဖြင့် ပြန်ရွေးရန် မော်ဒယ်၏ အေးဂျင့်ထံမှ ငွေတောင်းခံခဲ့ကြောင်းပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)