Connect with us

Europe

ဗြိတိန် လူထု ဆန္ဒခံယူပွဲ ဇွန်လ ၂၃ ရက်တွင်ပြုလုပ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလောက်ဒီ ဂျန်ကာနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ အတွင်း ဗြိတိန်နိုင်ငံ ဆက်နေမည်လား၊ ထွက်ခွာမည်လားဆိုသည့် လူထုဆန္ဒခံယူပွဲအား ဇွန်လ ၂၃ ရက်၌ ကျင်းပမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဖေဖော်ဝါရီလ ၂၀ ရက်က ကြေညာလိုက် သည်။

အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ် အပြင်ဘက်၌ ထိုကြေညာ ချက်အား ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူထုဆန္ဒခံယူပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ တနင်္လာနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) တွင် လွှတ်တော်ကိုသွားပြီး အဆိုပြုရန်ရှိကြောင်း ကင်မရွန်းက ပြောသည်။

“ကျွန်တော်ရဲ့ အကြံပြုချက်က ရှင်းပါတယ်၊ ပြုပြင်ပြောင်းလဲထားသော ဥရောပသမဂ္ဂတွင် ဗြိတိန်ဟာ ပိုပြီး လုံခြုံ တောင့်တင်းပြီး ကောင်းမွန်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ကင်မရွန်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၀ ရက်က အီးယူနိုင်ငံ ခေါင်းဆောင်များနှင့် အကြိတ်အနယ် ဆွေးနွေးပြီး သဘောတူညီချက် တစ်ခု ရရှိပြီးနောက် ထိုကဲ့သို့ လူထု ဆန္ဒခံယူပွဲ ပြုလုပ်မည့် ရက်အား ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)