Connect with us

Europe

ဥရောပသမဂ္ဂ အတွင်း ဗြိတိန် ဆက်လက် ရှိနေရေး အီးယူ ခေါင်းဆောင်များ အကြား သဘောတူညီမှု ရရှိ

ီးယူထိပ်သီး အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဥရောပ ခေါင်းဆောင်များအကြား ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းအထိ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး နောက် ဥရောပသမဂ္ဂ (European Union=EU) အတွင်း ဗြိတိန် ဆက်လက်ရှိနေရေးနှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ အီးယူအတွင်း ဗြိတိန်၏ အထူးအခြေအနေ ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး အတွက် သဘောတူညီချက် တစ်ခု ရရှိခဲ့သည်။

“တရားဝင် တာဝန်ခံမှု ရှိပြီး မပြောင်းလဲနိုင်တဲ့ သဘောတူညီမှု တစ်ခုကို ၂၈ နိုင်ငံက ခေါင်းဆောင်အားလုံး အောင်မြင်စွာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်” ဟု ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ် (Donald Tusk) က နှစ်ရက်ကြာ အီးယူ ထိပ်သီး ဆွေးနွေးပွဲ အပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

အဆိုပါ သဘော တူညီချက်နှင့် ပတ်သက်၍ သတင်းထောက်များကို ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဥရောပသမဂ္ဂအတွင်း ဗြိတိန်ဟာ အမြဲတမ်း ဆက်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်မရွန်း အနေဖြင့် စီးပွားရေး အုပ်ချုပ်မှု၊ ယှဉ်ပြိုင်နိုင်မှု၊ အချုပ်အခြာ အာဏာနှင့် လူမှုအကျိုးရလဒ်များနှင့် လွတ်လပ်စွာ လှုပ်ရှားခွင့် စသည့် နယ်ပယ် လေးခု၌ အီးယူ၏ ပြုပြင် ပြောင်းလဲမှုကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အီးယူ နိုင်ငံ ခေါင်းဆောင်များနှင့် အစိုးရများသည် ဗြိတိန်ကို အီးယူအတွင်း ဆက်ရှိနေစေရန် ပြုပြင် ပြောင်းလဲမှု တစ်ရပ်အပေါ် တရားဝင် သဘောတူညီမှု တစ်ခုရရှိရေး ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်များ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဗြိတိန်နိုင်ငံအတွင်း လုပ်ကိုင်နေသော အီးယူ အလုပ်သမားများ၏ အကျိုးရလဒ်များ အပါအဝင် ဗြိတိန်က တောင်းဆိုထားသည့် ပြုပြင်ပြောင်းလဲမှုအပေါ် အီးယူအဖွဲ့ဝင်အများစုက ဆန့်ကျင်ခဲ့ပြီးနောက် အီးယူနှင့် ဗြိတိန် ဆက်ဆံရေး အတွက် ကင်မရွန်း၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကို ခေါင်းဆောင်များ အကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117