Connect with us

Europe

ဘယ်လာရုစ် နိုင်ငံ က ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ ရှိ စစ်ဒဏ်သင့်ပြည်သူ များအား လူသားချင်း စာနာထောက်မှု ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်

ဘယ်လာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မင့်စ်ခ် ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဘယ်လာရုစ် နိုင်ငံ အရေးပေါ် အခြေအနေ ဝန်ကြီးဌာန က ဘယ်လာရုစ် နိုင်ငံ အနေဖြင့် ဇွန်လ ၁၁ ရက်နေ့ ၌ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ ရှိ စစ်ဒဏ်သင့် ပြည်သူ များအား လူသားချင်း စာနာထောက်မှု ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခု အကြိမ် ဘယ်လာရုစ် နိုင်ငံ မှ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ ရှိ စစ်ဒဏ်သင့် ပြည်သူ များအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်း သည် ဒုတိယ အကြိမ်မြောက်ပေးပို့ခဲ့ခြင်း ဖြစ်ပြီး ပေးပို့ခဲ့သည့် ပစ္စည်းများ တွင် အစားအစာ ၊ သင်ထောက်ကူပြုပစ္စည်း နှင့် ရေခဲသေတ္တာ စသည် တို့ ပါဝင်ကြောင်း ၊ ၎င်း ပစ္စည်းများအား ကုန်းလမ်း မှ ယူကရိန်း နိုင်ငံ သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ရောက်ရှိချိန်တွင် ယူကရိန်း နိုင်ငံ ရှိ စစ်ဒဏ်သင့် ပြည်သူများ ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဘယ်လာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko က ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ တွင် တိုက်ပွဲ စတင် ဖြစ်ပွား ပြီးနောက် ဘယ်လာရုစ် နိုင်ငံ အနေဖြင့် ယင်းဒေသ မှ ဒုက္ခသည် ၁ သိန်းခွဲ ကို လက်ခံ ခဲ့ပြီး ဘယ်လာရုစ် နိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ အပစ်အခတ် ရပ်စဲရေး ရရှိရန် အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကာ မည်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို မဆို အကူအညီ ထောက်ပံ့ပေးသွား လိုကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီ လ တွင် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း Donbass ဒေသတွင် ယူကရိန်း နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် အရပ်ဖက် လက်နက်ကိုင် တပ်ဖွဲ့ အကြား အကြီးစား တိုက်ခိုက်မှု စတင် ဖြစ်ပွား ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ညှိနှိုင်းဆောင်ရွက်မှု အောက်တွင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် နှစ်ဖက် တို့ က ၂၀၁၄ ခုနှစ် စက်တင်ဘာလ နှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လ တို့ တွင် ဘယ်လာရုစ် နိုင်ငံ မြို့တော် မင့်စ်ခ် တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုး ခဲ့ကြပြီး တိုက်ခိုက်မှု ရပ်စဲရေး နယ်နိမိတ်ကို ရေးဆွဲ နိုင် ခဲ့သည်။ အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရေးထိုး ခဲ့ပြီး နောက် အကြီးစား တိုက်ပွဲများ ဖြစ်ပွားခြင်း ကို ထိန်းချုပ် နိုင်ခဲ့သော်လည်း အသေးစား တိုက်ပွဲများ မကြာခဏ ဆက်လက် ဖြစ်ပွား နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.