Connect with us

Europe

ရုရှား နိုင်ငံ Volga မြစ် အတွင်း လှေ နှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၉ ဦး သေဆုံး

ရုရှား နိုင်ငံ တွင် လှေ နှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့သည့် Volgograd ပြည်နယ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဗလာဒီဗော့စတော့ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ Volgograd ပြည်နယ် အတွင်းရှိ Volga မြစ် တွင် ဇွန်လ ၁၁ ရက်နေ့ ညပိုင်း အချိန် ၌ လှေနှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၉ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

Volgograd ပြည်နယ် အစိုးရ အဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဇွန်လ ၁၁ ရက်နေ့ ညပိုင်း အချိန် တွင် Volga မြစ်အတွင်း ခရီးသည် တင် စက်လှေ တစ်စင်း နှင့် ကုန်တင် စက်လှေ တစ်စင်း တို့ တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ လှေတိုက်မှု ဖြစ်ပွား စဉ် ခရီးသည် တင် စက်လှေ ပေါ်တွင် ခရီးသည် ၁၆ ဦး လိုက်ပါ ခဲ့ပြီး အားလုံးမှာ ရုရှား နိုင်ငံသားများ ဖြစ်ကြကြောင်း ပါဝင် ခဲ့သည်။

သတင်းဖော်ပြချက်များအရ လှေတိုက်မှုကြောင့် ခရီးသည်တင် စက်လှေပေါ်ရှိ ခရီးသည်များ အားလုံး ရေထဲသို့ ရောက်ရှိသွား ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ မှ လူ ၅ ဦး အား ကယ်ဆယ်နိုင်ခဲ့ကာ လူ ၉ ဦး သေဆုံးခဲ့ကြောင်း ကို အတည်ပြုနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကယ်ဆယ်ရေး ရေယာဉ် ၁၂ စင်းဖြင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ပျောက်ဆုံးနေသူများ ကို ဆက်လက်ရှာဖွေနေကြောင်း သိရှိရသည်။

Volgograd ပြည်နယ် စုံစမ်းစစ်ဆေးရေး ဌာန က လှေတိုက်မှု နှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေးမှုများ ဆောင်ရွက်နေပြီး အခင်းဖြစ်ပွားရသည့် အကြောင်းအရင်း နှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.