Connect with us

Europe

မာဆေးလ်မြို့၌ ဓါးကိုင်ရမ်းကားသည့် အမျိုးသားကို ရဲတပ်ဖွဲ့က အသေပစ်သတ် ဖမ်းဆီး

ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ ၌ ဓါးကိုင်တိုက်ခိုက်မှုဖြစ်ပွားသော နေရာအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပါရီ ၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးလ်မြို့၌ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက လမ်းသွားလမ်းလာများအား ဓားဖြင့် လိုက်လံတိုက်ခိုက်သူတစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် Info ရေဒီယိုက သတင်းဖော်ပြခဲ့သည်။

အဆိုပါ အမျိုးသားသည် တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော မာဆေးလ်မြို့အနီးရှိ La Canebier တွင် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် လူ လေးဦးအား ဓါးဖြင့် တိုက်ခိုက်ခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေဟု Info သတင်းက ဆိုသည်။

သတင်းဖော်ပြချက်အရ အဆိုပါ ဓါးသမားသည် ရဲတပ်ဖွဲ့အား ပြန်လည်ပစ်ခတ်ရန် ၎င်း၏ သေနတ်ကို ထုတ်ယူရန် ကြိုးပမ်းခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့က ပစ်ခတ်သော သေနတ်ဒဏ်ရာဖြင့် ဓါးသမားမှာ သေဆုံးသွားကြောင်း သိရသည်။

မြို့တော် အစိုးရရှေ့နေများက တိုက်ခိုက်မှုအပေါ် အမှုဖွင့်ဆောင်ရွက်နေပြီး တိုက်ခိုက်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း နှင့် မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့ကြောင်းကို သိရှိရန် စုံစမ်းစစ်ဆေးလျက်ရှိသည်။

တိုက်ခိုက်သူမှာ ၁၉၈၃ ခုနှစ်တွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ကြောင်း နှင့် လူသတ်မှုအတွက် ပြစ်ဒဏ်ကျခံဖူးသူဖြစ်ကြောင်း LCI သတင်းချန်နယ်က ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.