Connect with us

Europe

ဗြိတိန်နိုင်ငံရှိ ဟွန်ဒါစက်ရုံ ပိတ်ရန်ရှိ၊ အလုပ်အကိုင် ၃,၅၀၀ ဆုံးရှုံးနိုင်ခြေရှိ

ဗြိတိန်နိုင်ငံရှိ ဟွန်ဒါကားထုတ်လုပ်မှုစက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မော်တော်ကားထုတ်လုပ်သူ ဟွန်ဒါ (Honda) က ဗြိတိန်နိုင်ငံ တောင်ပိုင်း ဆွင်းဒန်မြို့ရှိ ကားစက်ရုံအား ၂၀၂၂ ခုနှစ်တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း၊ အလုပ်အကိုင် ၃,၅၀၀ ဆုံးရှုံးမှုရှိနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဆွင်းဒန်စက်ရုံတွင် လူဦးရေ ၃,၅၀၀ ခန့် လုပ်ကိုင်လျက်ရှိကြောင်း၊ ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး၊ ထောက်ပံ့ရေးဝန်ဆောင်မှုလုပ်ငန်းများရှိ နောက်ထပ် အလုပ်အကိုင် ၁၀,၀၀၀ အတွက်လည်း စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။

ဟွန်ဒါအနေဖြင့် “၂၀၂၁ ခုနှစ်တွင် ဥရောပဈေးကွက် ထုတ်လုပ်မှုများအားလုံးကို ဂျပန်နိုင်ငံမှာပဲ တစ်စုတစ်စည်းတည်း လုပ်ဆောင်မယ်ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုတွေပေါ် အခြေခံလုပ်ဆောင်ခြင်း ဖြစ်ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာခြင်း (Brexit) ကြောင့် မဟုတ်ဘူး” ဟု မြောက်ဆွင်းဒန်ဆိုင်ရာ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် ဂျက်စတင် တွမ်လင်ဆန် (Justin Tomlinson) က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

“ဟွန်ဒါအနေနဲ့ ဝန်ထမ်းအားလုံးအတွက် ညှိနှိုင်းနေပြီး ဘယ်သူမှအလုပ်လက်မဲ့ဖြစ်ဖို့ မမျှော်လင့်ပါဘူး။ ဒါမှမဟုတ် ၂၀၂၁ ခုနှစ်အထိ ထုတ်လုပ်မှုတွေကို ပြောင်းလဲသွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

လုပ်ငန်းပိတ်သိမ်းခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အပေါ် ဟွန်ဒါက မှတ်ချက်တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိပေ။

ဟွန်ဒါကားထုတ်လုပ်ရေးသည် ၁၉၈၅ ခုနှစ်တွင် ဆွင်းဒန်မြို့ အရှေ့မြောက်ဘက်၌ စက်ရုံတည်ဆောက်m လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကားစီးရေ ၃ သန်းမြောက် ထုတ်လုပ်နိုင်ခဲ့ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ တရားဝင်ဝက်ဆိုက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.