Connect with us

Europe

ယူကရိန်းတွင် နှင်းများပိတ်ဖုံးနေသည့် မော်တော်ယာဉ်များအတွင်းမှ လူ ၆၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့

ယူကရိန်းနိုင်ငံ၌ ဆီးနှင်းများ ထူထပ်စွာကျဆင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ တွင် နှင်းမုန်တိုင်းတစ်ခုကြောင့် မော်တော်ယာဉ်များအတွင်း ပိတ်မိနေသည့် လူ ၆၀၀ ကျော်ကို လွန်ခဲ့သည့် ၂၄နာရီ အတွင်း ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော် အရေးပေါ်အခြေအနေများ ဌာန က ဇန်နဝါရီ ၈ရက်တွင်ပြောကြားခဲ့သည်။

လေပြင်းများနှင့် အတူ တိုက်ခတ်ခဲ့သော နှင်းမုန်တိုင်းသည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်း နှင့် တောင်ပိုင်းရှိ ဒေသ ၅ခု သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လမ်းမပေါ်ရှိ မော်တော်ယာဉ်၊ ဘတ်စ်ကား၊ ကုန်တင်ကား နှင့် အရေးပေါ်လူနာတင်ယာဉ် အစီး ၃၀၀ ခန့် ဆီးနှင်းများ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ လမ်းပိုင်းဆိုင်ရာဌာန Ukravtodor က အချို့ဧရိယာများတွင် လမ်းမများပေါ်ရှိ ဆီးနှင်းများ၏ အထူသည် ၈၀စင်တီမီတာအထိရှိကြောင်းပြောကြားခဲ့သည်။

ဆီးနှင်းများကို တစ်စိတ်တစ်ပိုင်း ဖယ်ရှားခဲ့ပြီးဖြစ်ကာ ဇန်နဝါရီ ၈ရက် နေ့လည်မှစ၍ ယူကရိန်းနိုင်ငံရှိ လမ်းမများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ ပေါ်ထွက်လာခြင်းမရှိတော့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာန က ယခုရက်သတ္တပတ် နှောင်းပိုင်းတွင် ယူကရိန်းနိုင်ငံ၌ နှင်းမုန်တိုင်းသစ်တစ်ခု ထပ်မံတိုက်ခတ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.