Connect with us

Europe

“ရန်သူ”ဟူသောအဆိုက အမေရိကန်-ဥရောပ ဆက်ဆံရေးကို ပိုမိုအေးစက်သွားစေ

ကမ္ဘာ့စီးပွားရေး ဆွေးနွေးမှုဖိုရမ်တွင် ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ရက်အနည်းငယ်က ထရမ့်သည် အမေရိကန်နိုင်ငံ CBS အသံလွှင့်ဌာန၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ၎င်းက ဥရောပသမဂ္ဂသည် အမေရိကန်၏ “ရန်သူ” ဟု ဖြေကြားဖူးခဲ့ပါသည်။ ထိုစကားမှာ အမေရိကန်-ဥရောပ အကြား ကုန်သွယ်ရေးသဘောထား ကွဲလွဲမှု ကို ရည်ညွှန်းပြီး ပြောခြင်း ဖြစ်သလို ပြက်ရယ်ပြုသည့်သဘောနှင့်ပြောခဲ့သည့်စကားဖြစ်သော်လည်း အမေရိကန်၏ အစဉ်အလာမဟာမိတ်ဟု မိမိကိုယ်ကိုထင်မှတ်နေသည့် ဥရောပကို အံသြမှင်သက် စေခဲ့သည်။ စပိန် El Pais သတင်းစာ က ထရမ့်၏ “ရန်သူ”ဟူသောအဆိုကို “သံတမန်ရေးရာ အန္တရာယ်ဗုံး”ဟု ဆိုခဲ့ သည်။

ထရမ့်သည် အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်နှင့် ဥရောပအကြားရှိ ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံရေး ကဏ္ဍများတွင် ပဋိပက္ခ မပြတ်ခဲ့ပါသည်။ လွန်ခဲ့သောလက ထရမ့်သည် G7 ထိပ်သီးဆွေးနွေးပွဲ ပူးတွဲကြေညာချက်ကို ထောက်ခံရန် ငြင်းဆိုခဲ့သည်။ မကြာသေးမီက ကျင်းပသည့် နေတိုးထိပ်သီးဆွေးနွေးပွဲတွင်လည်း အမေရိကန်-ဥရောပ သဘောထားကွဲလွဲမှုများကို နောက်ထပ်တစ်ခါ ပေါ်လွင်အောင် ထရမ့်က ခြိမ်းခြောက်သလို ပြက်ရယ်ပြုသလိုနှင့် မဟာမိတ်များကို စစ်သုံးစရိတ်တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ပြန် သည်။

ထိုတင်မက ထရမ့်သည် ဥရောပမဟာမိတ်အချို့ကိုလည်း စကားနာထိုးတိုက်ခိုက်ပါသေးသည်။ဥပမာ-

ဂျာမနီက ရုရှားမှ စွမ်းအင်တင်သွင်းသောကြောင့် ရုရှား၏ အချုပ်အနှောင်ကို ခံနေရသည်ဟု ဝေဖန်လိုက်သလို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး အဆိုကိုလည်း ဝေဖန်ခဲ့ရာ မဟာမိတ်နိုင်ငံများအကြား ဂယက်လှိုင်းတွေ ရိုက်ခတ်ခဲ့သည်။

အမေရိကန်-ဥရောပအကြား လက်ရှိအနေအထားအရ သဘောထားအမြင်တူညီမှုများ သိသိသာသာ လျော့နည်းလာသလို အလေးထားအာရုံစိုက်ဆွေးနွေးမှုများက ကွဲလွဲမှုများရှိလာသည်။ ထရမ့်က စစ်ရေးအသုံးစရိတ် ညီမျှမရှိကြောင်း ၊ အမေရိကန်-ဥရောပကုန်သွယ်ရေးတွင် လိုငွေပြနေကြောင်း ကိုသာ အသားပေးအရေးဆိုနေသော်လည်း ဥရောပနိုင်ငံများက ကမ္ဘာ့လုံးဆိုင်ရာတာဝန်များကို အတူမျှဝေထမ်းဆောင်ရန် ပြင်ပအန္တရာယ်များကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းရန်စသည်တို့ကို အလေးပေးပြောဆိုနေကြသည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က ထရမ့်အာဏာရ ပြီးနောက် အတ္တလန္တိတ်ဆက်ဆံရေးသည် နိုင်ငံရေးအရ ဆိုရလျှင် တဖြေးဖြေး လျော့ရဲလာသည်ဟု ဆိုသည်။

အမေရိကန်-ဥရောပအကြား ကွဲလွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို သေသေချာချာ လေ့လာ ကြည့်မည်ဆိုလျှင် အမေရိကန်သည် ဘက်ပေါင်းစုံပူးပေါင်းပါဝင်မှုကို အလေးထားစိတ်ဝင်စားမှုမရှိဘဲ အမေရိကန်ဦးစားပေး မူဝါဒကိုသာ အားထားလုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်က ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ပဲရစ်သဘောတူညီချက်၊ အီရန် နျူကလီးယား သဘောတူ ညီချက်မှ နုတ်ထွက်ခဲ့ခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ခြင်း၊ “နေတိုး ခေတ်လွန်”နေပြီဟုဆိုခြင်း၊ ကနေဒါတွင်ကျင်းပသော G7ထိပ်သီးဆွေးနွေးပွဲက ဒေါသတကြီးပြန်သွား ခြင်း စသည်တို့မှာ ထရမ့်၏ ကိုယ်လုပ်ချင်ရာလုပ်မည်ဟူသော လုပ်ဟန်၏နောက်ကွယ်တွင် အမေရိကန်ဦးစားပေး ဖြစ်ရမည်၊ ဘက်ပေါင်းစုံ ပူးပေါင်းပါဝင်သည့်စနစ်မှာ အမေရိကန်၏အကျိုး အမြတ်ကို ထိခိုက်နိုင်သည်ဟု ပုံကြီးချဲ့ထင်မှတ်နေသည့် သဘောတရားများပါဝင်နေသည်။

ထရမ့်၏အတွေးအခေါ်များက ဥရောပမဟာမိတ်တွေကို စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားစေသည်။ အမေရိကန်နိုင်ငံအတွင်း ကန့်ကွက်မှုများကို လျစ်လျူရှုပြီး ထရမ့်သည် ရုရှားသမ္မတ ပူတင် နှင့် ဟယ်လ်စင်ကီတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ဥရောပမဟာမိတ်များကို စိုးရိမ်ပူပန်စေခဲ့သည်။ ဥရောပမဟာမိတ်များက အမေရိကန်နှင့်ရုရှားအကြား ဆက်ဆံရေး နီးကပ်မှုများရှိလာပါက ဥရောပ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာမည်ကို စိုးရိမ်ကြသည်။ ထရမ့်၏လုပ်ဆောင်ပုံများက အမေရိကန်နှင့် ဥရောပတို့အကြား ကွဲလွဲမှုများတိုးပွားစေသည်ဟု အနောက်တိုင်းမီဒီယာများက ဆိုသည်။ အချို့ပြည်ပမီဒီယာများက အမေရိကန်နှင့် ဥရောပတို့အကြား အပြန်အလှန် သံသယဖြစ်မှုများသည် အန္တရာယ်အဆင့် ရောက်ရှိနေပြီဟု ပြောဆိုမှုများရှိကြသည်။

အမေရိကန်-ဥရောပ အပြန်အလှန် ယုံကြည်မှုများသည် ယခင်ကမကြုံခဲ့ရဖူးသော စမ်းသပ်မှုမျိုးများ နှင့် ကြုံတွေ့နေရသောကြောင့် ဥရောပမဟာမိတ်များက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်လာ သည့် အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးကို ပြန်လည်ပုံသွင်းရန် မဖြစ်မနေစဉ်းစားရပါတော့သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က “အိမ်ဖြူတော်ကို ထပ်ပြီးအပြည့်အ၀ အားထားလို့မရ တော့ဘူး ”ဟု ဥရောပသမဂ္ဂနိုင်ငံများကို သတိပေးပြောကြားလိုက်ပါသည်။ အကယ်၍ ဥရောပ-အမေရိကန် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဆိုလျှင် ပြောင်းလဲရမည်ဖြစ်ပြီး ဥရောပသမဂ္ဂက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရန်နှင့် ရပ်တည်နိုင်ရန် လုပ်ဆောင်ရမည် ဖြစ်သည်ဟု ဆိုသည်။

သို့ပင်ငြားလည်း ပဋိပက္ခဖြစ်စေ၊ ရန်လိုရန်မူသည်ဖြစ်စေ အမေရိကန်-ဥရောပဆက်ဆံရေးမှာ လုံးဝဥဿုံကွဲပြားသွားမည်မဟုတ်။ ကာလကြာရှည်အမြစ်တွယ်နေသည့် မဟာမိတ်ဆက်ဆံရေးသည် ရေတိုအတွင်း အမြီးအမောက်မတည့်မှုဖြစ်ရုံနှင့်တော့ လုံးဝပျက်ပြားသွားနိုင်မည်မဟုတ်ချေ။ နေတိုးတပ်ဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg ဆိုသကဲ့သို့ပင် အမေရိကန်သည် ဥရောပကို လိုအပ်သလို ၊ဥရောပကလည်း အမေရိကန်ကို လိုအပ်ပါသည်။ သို့သော် အမေရိကန်-ဥရောပ ကွဲလွဲ ရေးလုပ်ဆောင်မှုများဆက်ပြီးထင်သလိုလုပ်ဆောင်နေပါက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက် လာသည့် မဟာမိတ်ဆက်ဆံရေးသည်လည်း အတိုင်းအတာတစ်ခုတော့ ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်မည်ဖြစ်သည်ဟု ယူဆရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.