Connect with us

Europe

ရီယဲလ်မက်ဒရစ်တိုက်စစ်မှူးရော်နယ်ဒိုအား ယူရို ၁၁၂ သန်းဖြင့် ဂျူဗင်တပ်လက်မှတ်ထိုး

ရီယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အားတွေ့ ရစဉ်(ဆင်ဟွာ)

ရိုမာ ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ရီယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းနှင့်လက်တွဲသွားပြီဖြစ်ကြောင်း ရီယဲလ်အသင်းက ဇူလိုင် ၁ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်ဖက်ကလပ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုငွေ ၁၁၂ သန်း( အမေရိကန်ဒေါ်လာ ၁၃၂သန်း) ဖြင့်သဘောတူညီခဲ့ကြကြောင်း ၊ အသက် ၃၃ နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်ကစားသမားရော်နယ်ဒိုသည် အီတလီချန်ပီယံ ဂျူဗင်တပ်အသင်းနှင့် ဘောလုံးရာသီ လေးခုပါဝင်ကစားသွားရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“ ရော်နယ်ဒိုရဲ့ စိတ်ဆန္ဒနဲ့သူ့ရဲ့ မေတ္တာရပ်ခံမှုကြောင့် ကလပ်အသင်းက သူ့ကို ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုခဲ့တာပါ” ဟု ရီယဲလ်မက်ဒရစ်အသင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့မိမိကိုယ်ကို ကြွေးကြော်ထားတဲ့ ကစားသမားကို ရီယဲလ်မက်ဒရစ်အသင်းက ကျေးဇူးအထူးတင်ကြောင်းပြောလိုပါတယ်။ ကမ္ဘာ့ပြိုင်ပွဲမှာရော ကလပ်သမိုင်းမှာပါ သူဟာ ကြီးကျယ်တဲ့အခိုက်အတန့်တစ်ခုကို ဖန်တီးခဲ့ပါတယ်” ။

ရော်နယ်ဒိုအနေဖြင့် ရီယဲလ်မက်ဒရစ်အသင်းတွင် ကစားခဲ့သော ကိုးနှစ်တာကာလအတွင်း ၄၃၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၅၁ ဂိုးထိ သွင်းယူပေးခဲ့ကာ ကလပ်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သည်။ ၎င်းသည် ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(သို့မဟုတ်) တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လေးကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့သည်။

ရီယဲလ်မက်ဒရစ်အသင်းဝက်ဆိုဒ်တွင် ဖော်ပြထားသော ထုတ်ပြန်ချက်တွင် ရော်နယ်ဒိုက “ ကျနော့်ဘဝအတွက် ဇာတ်ခုံအသစ်တစ်ခုကို စတင်ရမယ့်အချိန်ရောက်ပါပြီ” ဟူ၍ ရေးသားဖော်ပြထားသည်။

“ ဒီပြီးခဲ့တဲ့ ကိုးနှစ်ကတော့ အလုံးစုံအကောင်းဆုံးဖြစ်ခဲ့ပါတယ်” ဟု ရော်နယ်ဒိုကရေးသားထားသည်။ “ ဒီမှာနေခဲ့တဲ့ ကိုးနှစ်ဟာ ကျွန်တော့်ကို ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရောက်ရှိစေခဲ့တယ်။ သူတို့အားလုံးကို ကျေးဇူးတင်ပါတယ်။လေးစားပါတယ်” ဟု ဆိုသည်။

တူရင်းမြို ့အခြေစိုက် ဂျူဗင်တပ်အသင်းသို့ ရော်နယ်ဒို ပြောင်းရွှေ့ခဲ့ခြင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၊ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) နှင့် ရော်နယ်ဒို၏ အသင်းဖော်အချို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အသီးသီး ဂုဏ်ပြု ရေးသားဖော်ပြခဲ့သည်။ ဂျူဗင်တပ်ကစားသမားများဖြစ်သော Paulo Dybala ၊ Sami Khedira နှင့် အသင်းပရိသတ်များကလည်း ၎င်းတို့၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့ကြသည်။

တူရင်းမြို့တော်ဝန် Chiara Appendino က “ ရော်နယ်ဒိုကို ကြိုဆိုပါတယ်” ဟု ၎င်း၏တွစ်တာတွင်ရေးသားခဲ့ပြီး “ ကြီးမားတဲ့ရည်မှန်းချက်ကို အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့တဲ့ ဂျူဗင်တပ်အသင်းကို ဂုဏ်ပြုပါတယ်” ဟူ၍ ဆက်လက်ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.