Connect with us

Europe

ရုရှား နိုင်ငံခြားရေးဝန်ကြီး က ကိုရီးယားကျွန်းဆွယ် တင်းမာမှု အခြေအနေ မြင့်တက်လာမည် ကို လက်ခံမည် မဟုတ်ကြောင်း ပြောကြား

ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Tillerson တို့နှစ်ဦး ဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် အတွင်း ရုရှား နိုင်ငံ အနေဖြင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှု အခြေအနေ မြင့်တက်လာမည် ကို လက်ခံမည် မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန က အောက်တိုဘာ ၉ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ကိုရီးယားကျွန်းဆွယ်အရေး နှင့်ပတ်သက်၍ Sergey Lavrov က အမေရိကန် နိုင်ငံ ၏ ကိုရီးယားကျွန်းဆွယ် အတွင်း စစ်ရေး ဆောင်ရွက်မှု များသည် တင်းမာမှု မြင့်တက်စေရန် ဦးတည်နေပြီး ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းရာတွင် သံတမန်ရေးရာ ဆောင်ရွက်မှု ဖြင့်သာ သဘောထား ကွဲလွဲမှု များကို ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိခဲ့ရသည်။

ထို့ပြင် ရုရှား-အမေရိကန် ဆက်ဆံရေး နှင့်ပတ်သက်၍ Lavrov က အမေရိကန် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားသည် ကို ပြန်လည်ပေးအပ်စေလိုပြီး ရုရှား နိုင်ငံ အနေဖြင့် တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်တော့မည်မဟုတ်ကြောင်း ကို အာမခံကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.