Connect with us

Europe

ပြင်သစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး နှင့် လက်နက် မှောင်ခိုပြုလုပ်သည့် ဗြိတိန်အရာရှိတစ်ဦးအား ဖမ်းဆီး

ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ပြင်သစ်-ဗြိတိန် မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုရောင်းဝယ်မှု ပူးပေါင်းတိုက်ဖျက်ရေးစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်နိုင်ငံ မြောက်ပိုင်းတွင် လွန်ခဲ့သော ရက်သတ္တပတ်က ဗြိတိန်နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်း သတင်းများအရ သိရသည်။

ပြင်သစ်နိုင်ငံမြောက်ပိုင်း Dunkerque မြို့ အနီးတွင် အောက်တိုဘာ ၆ ရက်က အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အခြား ဗြိတိန်နိုင်ငံသား ၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Le Point မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

စစ်ဆင်ရေးဆောင်ရွက်စဉ်အတွင်း ရဲတပ်ဖွဲ့သည် ကိုကင်း ၃၄ကီလိုဂရမ်၊ ဘိန်းဖြူ ၇ကီလိုဂရမ် နှင့် လက်နက်အမြောက်အများကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

နယ်ခြားစောင်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ယင်းအမျိုးသားသည် ၎င်း၏ ရာထူးကို အသုံးချ၍ ချန်နယ်တူးမြောင်းမှ တစ်ဆင့် စစ်ကားများအသုံးပြုကာ ဗြိတိန်နိုင်ငံသို့ မူးယစ်ဆေးဝါး နှင့် လက်နက်များ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.