Connect with us

Europe

မုန်တိုင်း Ophelia တိုက်ခတ်မှုကြောင့် အိုင်ယာလန် နိုင်ငံ တွင် လူ ၃ ဦး သေဆုံး

မုန်တိုင်း Ophelia တိုက်ခတ် ခံရသည့် အိုင်ယာလန် နိုင်ငံ အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဒူဘလင် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

အိုင်ယာလန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ မုန်တိုင်း Ophelia သည် အောက်တိုဘာ ၁၆ ရက်နေ့၌ အိုင်ယာလန် နိုင်ငံအနောက်တောင်ပိုင်း ဒေသမှ စတင် ဝင်ရောက်လာခဲ့ပြီး လက်ရှိချိန်တွင် လူပေါင်း ၃ ဦးသေဆုံး စေခဲ့ကာ သိန်းနှင့်ချီသော အိမ်ထောင်စု တို့မှ လျှပ်စစ်မီးပြက်တောက် သွားခဲ့ကြောင်း သိရှိခဲ့ရသည်။

မုန်တိုင်း Ophelia ကြောင့် အိုင်ယာလန် နိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သဘာဝဘေး ကျရောက်ခဲ့သည့် ဒေသများမှာ အဓိက အားဖြင့် အိုင်ယာလန် နိုင်ငံ အနောက်ပိုင်း ၊ အလယ်ပိုင်း နှင့် တောင်ပိုင်း ဒေသ တို့ဖြစ်ကြောင်း ၊ မုန်တိုင်း၏ လေတိုက်နှုန်း သည် တစ်နာရီလျှင် ၁၂၀ မှ ၁၅၀ ကီလိုမီတာ အထိရှိ ခဲ့ပြီး ဖြတ်သန်းသွား သည့် နေရာများတွင် ဓာတ်တိုင် နှင့် သစ်ပင်များ ပြိုလှဲ သွားခဲ့ကြောင်း ၊ နေအိမ်များမှာလည်း ပျက်ဆီးသွား ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး များ ပြတ်တောက်သွားခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် အိုင်ယာလန် နိုင်ငံရှိ ကျောင်းများအားလုံးကို ပိတ်ထားကြောင်း သိရှိခဲ့ရသည်။

မုန်တိုင်း Ophelia သည် အိုင်ယာလန် နိုင်ငံ ၌ နှစ်ပေါင်း ၅၀ အတွင်း ကြုံတွေ့ခဲ့ရသည့် အပြင်းထန်ဆုံးသော မုန်တိုင်း တစ်ခုဖြစ်ပြီး အိုင်ယာလန် နိုင်ငံ မိုးလေဝသ ဌာန က အောက်တိုဘာ ၁၅ ရက်နေ့၌ မုန်တိုင်းအား အနီရောင် အဆင့်အဖြစ် သတ်မှတ်ခဲ့ပြီး ပြည်သူများအား နေအိမ်မှ အပြင်မထွက်ကြရန် သတိပေးခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.