Connect with us

Europe

ရုရှား နိုင်ငံ အနောက်တောင်ပိုင်း တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ရာ လူပေါင်း ၄ ဦး သေဆုံး ခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိ

သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် ရုရှား နိုင်ငံ အနောက်တောင်ပိုင်း ရှိ Kizlyar မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

မော်စကို ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အနောက်တောင်ပိုင်း Dagestan ဒေဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမည်မသိရှိသေးသူ တစ်ဦး က Kizlyar မြို့တွင် ကျင်းပ သည့် Maslenitsa ပွဲတော် သို့ လာရောက်သည့် လူအများအား သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ သေနတ်သမား အား အခင်းဖြစ်ပွားရာ နေရာ တွင် ပစ်ခတ် သုတ်သင် ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

ထို့ပြင်ထုတ်ပြန်ကြေညာချက်တွင် သေနတ်သမား အနေဖြင့် ပွဲတော် ဆင်နွှဲသူ များကို ပစ်ခတ် ခဲ့ပြီးနောက် လုံခြုံရေး အဖွဲ့ဝင်များ နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ပစ်ခတ်ရှင်းလင်း ခဲ့ရကြောင်း ၊ ဒဏ်ရာရရှိသူများတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ပါဝင် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဒေသတွင်း မီဒီယာ ၏ ဖော်ပြချက်အရ လူပေါင်း ၃၀ ခန့်သည့် Kizlyar မြို့ရှိ ဘုရားကျောင်း တစ်ခု တွင် ကျင်းပ သည့် Maslenitsa ပွဲတော် ကို တက်ရောက် ခဲ့ကြပြီး ဘုရားကျောင်း အထွက် တွင် သေနတ်သမား ၏ ပစ်ခတ်မှု ကို ခံခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် ဘုရားကျောင်း ပတ်ဝန်းကျင် တွင် လုံခြုံရေး များ တိုးမြှင့်ချထား ခဲ့ကြောင်း သိရှိရသည်။

ကနဦး စစ်ဆေးချက် များအရ လက်ရှိချိန်တွင် သေနတ်သမား မှာ Kizlyar မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး အသက်အားဖြင့် ၂၂ ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.