Connect with us

Europe

ဂျာမနီ နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် ၅၄ ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေး ပြီးဆုံး

၅၄ ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေး ပိတ်ပွဲအခမ်းအနား ၌ အစည်းအဝေး ဥက္ကဋ္ဌ Wolfgang Ischinger က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြူးနစ် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ မြူးနစ်မြို့တွင် အချိန် ၃ ရက်ကြာ ကျင်းပ ပြုလုပ် ခဲ့သည့် ၅၄ ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေး သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်း အချိန်တွင် ပြီးဆုံးခဲ့သည်။

မြူးနစ် လုံခြုံရေး အစည်းအဝေး ဥက္ကဋ္ဌ Wolfgang Ischinger က ပိတ်ပွဲအခမ်းအနား ၌ မိန့်ခွန်းပြောကြား ခဲ့ရာတွင် အစည်းအဝေး ကျင်းပစဉ် အတွင်း လက်ရှိချိန်တွင် နိုင်ငံတကာ အနေဖြင့် မြောက်ကိုရီးယား နျူကလီးယား အရေး နှင့် အရှေ့အလယ်ပိုင်အရေး စသည့် စိန်ခေါ်မှုများ ကို ရင်ဆိုင်နေရသည် ကို ကြားသိခဲ့ရကြောင်း ၊ ထိုနည်းတူစွာ ဥရောပ ကာကွယ်ရေးလုပ်ငန်း အဖွဲ့ချုပ် နှင့် ခေတ်သစ်ပိုးလမ်းမကြီး စသည့် လွန်စွာကောင်းမွန်သည့် ဆောင်ရွက်မှုများကိုလည်း သိရှိခဲ့ရကြောင်း ၊ ထို့ပြင် နိုင်ငံတကာ အနေဖြင့် စစ်ရေးပြိုင်ဆိုင်မှုများ ရှောင်ရှားရန် နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဝါဒ အပေါ် မျှော်လင့်မှု များကိုလည်း သိရှိခဲ့ရကြောင်း ၊ သို့သော် ကမ္ဘာကြီးအား လုံခြုံရေး ခြိမ်းခြောက်မှုများ မှ ဝေးကွာစေရန် အကြံပြုချက်များမှာ လိုအပ်ချက် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး သို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ၊ နေတိုး အထွေထွေ အတွင်းရေးမှူး ၊ အီးယူ ကော်မတီ ဥက္ကဋ္ဌ ၊ ဗြိတိန် ဝန်ကြီးချုပ် ၊ ယူကရိန်း နိုင်ငံ သမ္မတ နှင့် ရုရှား ၊ ဂျာမနီ စသည့် နိုင်ငံ အသီးသီး မှ နိုင်ငံခြားရေး ဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး စုစုပေါင်း ၅၀၀ ဦးခန့် အစည်းအဝေး ကို တက်ရောက် ခဲ့ကြသည်။

မြူးနစ် လုံခြုံရေး အစည်းအဝေး အား ၁၉၆၃ ခုနှစ် တွင် စတင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခင်ချိန်က အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး နိုင်ငံတကာ ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို အဓိက ထား ၍ ကျင်းပ ခဲ့သည့် အစည်းအဝေး တစ်ခု ဖြစ်ခဲ့ပြီး လတ်တလော နှစ်ပိုင်းတွင် မြူးနစ် လုံခြုံရေး အစည်းအဝေး သည် ကမ္ဘာ့လုံးဆိုင်ရာ အဆင့်မြင့်ဆုံးသော လုံခြုံရေး မူဝါဒ ဆွေးနွေးပွဲ တစ်ခု ဖြစ်တည်လာ ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.