Connect with us

Europe

အီတလီတွင် ၉နှစ်အရွယ် သမီးငယ်အား လိင်လုပ်သားအဖြစ် အတင်းအကျပ်ခိုင်းစေသူ မိဘနှစ်ဦးကို ဖမ်းဆီး

အီတလီနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရောမ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံတွင် အသက် ၉နှစ်အရွယ် သမီးငယ်အား လိင်လုပ်သားအဖြစ် ဖိအားပေးခိုင်းစေသူ အီတလီလူမျိုး ဇနီးမောင်နှံ နှစ်ဦးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိန်းသိမ်းခဲ့ပြီး နေအိမ်အကျယ်ချုပ်ချထားခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ယင်း မိဘနှစ်ဦး စလုံးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ကလေးသူငယ်အား လိင်လုပ်သားအဖြစ် ခိုင်းစေမှု စွဲချက်များဖြင့် တရားစွဲဆိုထားကြောင်း Ansa သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

အသက် ၆၈နှစ် နှင့် ၇၀နှစ်အရွယ် ရှိ အမျိုးသား ၂ဦးကိုလည်း အခကြေးငွေပေး၍ လိင်ဆက်ဆံမှုဖြင့် နေအိမ်အကျယ်ချုပ်ချထားကြောင်း သိရသည်။

တရားခံ မိဘနှစ်ဦးသည် နိုင်ငံအနောက်မြောက်ပိုင်း Sicily ကျွန်း Palermo ပြည်နယ် ရှိ မြို့ငယ်တစ်ခုဖြစ်သော Partinico မြို့တွင် နေထိုင်ကြပြီး ယင်းဒေသသည် လူနေမှုစရိုက်ကြမ်းတမ်းသော ပတ်ဝန်းကျင်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။

ကျေးလက်ဧရိယာတစ်ခုတွင် ကားတစ်စီးပေါ်၌ မိန်းကလေးတစ်ဦးအား အမျိုးသား ၂ဦး နှင့် အတူ တွေ့ရှိရကြောင်း အမျိုးသားတစ်ဦးမှ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ရာမှ ယင်း အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် RAI ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

အဆိုပါ မိန်းကလေးငယ်အား စောင့်ရှောက်ရေးဂေဟာသို့ပို့ဆောင်ထားပြီး လိင်အကြမ်းဖက်ခံရကြောင်း အတည်ပြုပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးမှူးများက မိခင်ဖြစ်သူသည် နေအိမ်၌ အချို့သော လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးနေသည်ဟု သံသယဝင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.