Connect with us

Europe

ရောမမြို့ တွင် ဘူတာရုံစက်လှေကားပြိုကျ၍ ရုရှားဘောလုံးပရိသတ် ၂၀ကျော် ဒဏ်ရာရရှိ

ရောမမြို့ ဘူတာရုံစက်လှေကားပြိုကျမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရောမ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ မြို့တော် ရောမမြို့ တွင် ဘူတာရုံစက်လှေကားတစ်ခုမှာ အောက်တိုဘာ ၂၃ ရက်ညပိုင်း က ပြိုကျခဲ့ရာ အနည်းဆုံး ရုရှားဘောလုံးပရိသတ် ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ပါရှိသည်။

ပြည်တွင်းရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုဖိုင်အရ Repubblica ဘူတာရုံရှိ အောက်သို့ဆင်းသော စက်လှေကားသည် ဒေသစံတော်ချိန် ည ရး၄၅နာရီတွင် ရုတ်တရက်အရှိန်မြင့်လာပြီး ပြိုကျခဲ့ကာ လူများစွာ အော်ဟစ်လိမ့်ကျခဲ့ကြောင်းသိရသည်။

အနည်းဆုံး ရုရှားနိုင်ငံသား ၁၇ဦး ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ANSA သတင်းက ဖော်ပြခဲ့သည်။

CSKA Moscow ဘောလုံးပရိသတ်များသည် ရောမမြို့ရှိ Olimpico အားကစားရုံတွင် ဒေသစံတော်ချိန် ည၉နာရီတွင် ပြုလုပ်မည့် ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုဖြစ်သော AS Roma ဘောလုံးအသင်းနှင့် CSKA Moscow ဘောလုံးအသင်း တို့၏ ပွဲစဉ်အား အားပေးရန်လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ANSA ကဖော်ပြခဲ့သည်။ (Xinhua)