Connect with us

Europe

လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် တရုတ်နိုင်ငံနှင့် ဆာဗီးယားနိုင်ငံ ကတိပြု

ဆာဗီးယားနိုင်ငံတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Smederevo စတီးစက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုဖီယာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဆာဗီးယာနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic နှင့် ဇူလိုင်လ ၆ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး သဘောတူခဲ့ကြကြောင်း သိရသည်။

တရုတ်-ဆာဗီးယား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးသည် ချောမွေ့စွာ တိုးတက်နေပါကြောင်း ဘူလ်ဂေးရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်နှင့် သတ္တမအကြိမ်မြောက် တရုတ်နှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) နိုင်ငံများ၏ ခေါင်းဆောင်များအစည်းအဝေး တက်ရောက်ရန် ဇူလိုင်လ ၅ ရက်က မြို့တော် ဆိုဖီယာသို့ ရောက်ရှိနေစဉ် လီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ဆာဗီးယားနိုင်ငံနှင့်အတူ ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှု နီးကပ်စွာဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နယ်ပယ်မျိုးစုံတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိရေးအတွက် အတူတကွ လုပ်ဆောင်ရန် အသင့်ရှိပါကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆာဗီးယားနိုင်ငံတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Smederevo စတီးစက်ရုံက နှစ်နိုင်ငံနှင့် ထုတ်လုပ်မှုစွမ်းရည်၌ တရုတ်-CEE အဓိက စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အောင်မြင်သော ဥပမာတစ်ခု ဖြစ်ကြောင်း လီက ဆိုသည်။

ထို့ပြင် ရေရှည်တည်တံ့ ခိုင်မာသောနည်းလမ်းဖြင့် နယ်ပယ်စုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် တရုတ်နိုင်ငံက ဆာဗီးယားနိုင်ငံနှင့်အတူတကွ ဆောင်ရွက်ရန် အသင့်ရှိကြောင်း လီက ပြောခဲ့သည်။

ဆာဗီးယားနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic ကလည်း နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း၊ Smederevo စတီးစက်ရုံလည်း အဆင်ပြေချောမွေ့စွာ လည်ပတ်နေပြီး အမြတ်အစွန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဆက်၍ တရုတ်နိုင်ငံနှင့်အတူ ဘဲလ်ဂရိတ်-ဘူတာပတ် ရထားလမ်းစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန်၊ သတ္တုတွင်း၊ စွမ်းအင်၊ အပူပေးစနစ်နှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကဲ့သို့သော စီမံကိန်းများ၌ တရုတ် ကုမ္ပဏီများ ပိုမိုပါဝင်လာရန် ဖိတ်ကြားကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117