Connect with us

Europe

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ (ဆင်ဟွာ)

ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ

၇.၇.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ်

အင်္ဂလန် ၂ – ၀ ဆွီဒင်

(၃၀’,၅၉’)

ပွဲစသည်မှစ၍ ကမ္ဘာ့အဆင့် ၁၂ ရှိ အင်္ဂလန်အသင်းက ကမ္ဘာ့အဆင့် ၂၄ ရှိ ဆွီဒင်အသင်းအား ဘောလုံးပိုင်ဆိုင်မှုအသာ၊ထိရောက်သောဂိုးသွင်းခွင့်အသာများဖြင့် အနိုင်ကစားသွားခဲ့သည်။ ပထမပိုင်းမှာပင်အင်္ဂလန်က ထောင့်ကန်ဘောကိုခေါင်းတိုက်သွင်းကာ တစ်ဂိုးအသာဖြင့်ဦးဆောင်ထားခဲ့သည်။ဒုတိယပိုင်းတွင် ဆွီဒင်ကချေပဂိုးသွင်းနိုင်ရန်ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ဘဲ ၅၉ မိနစ်တွင် အင်္ဂလန်က ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူကာဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့သည်။

ယခုပွဲအနိုင်ရသွားသော အင်္ဂလန်အသင်းက ရုရှား နှင့်ခရိုအေးရှား ပွဲတွင် နိုင်သောအသင်းနှင့် ဇူလိုင် ၁၁ ရက်တွင် ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.