Connect with us

Europe

လန်ဒန်တိုက်ခိုက်မှု တရားခံအမည်မှာ ခါလစ် မာစွတ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ဖော်ပြောကြားခဲ့

လန်ဒန်တိုက်ခိုက်မှု တရားခံအဖြစ် သံသယရှိသူ ခါလစ် မာစွတ် အား ဆေးကုသမှုပေးရန် သယ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

လန်ဒန်မြို့လယ် ဝက်မင်စတာ တံတားအနီးတွင် မတ်လ ၂၂ရက် ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တွင် အဓိက တရားခံအဖြစ် ရဲတပ်ဖွဲ့ကယူဆထားသူမှာ ခါလစ် မာစွတ် ဆိုသူဖြစ်ကြောင်း Scotland Yard မြို့ပြရဲဋ္ဌာနချုပ် က မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

BBC သတင်းဋ္ဌာနက အသက် ၅၂နှစ်အရွယ် ရှိ မာစွတ်အား Kent စီရင်စုတွင် မွေးဖွားခဲ့ပြီး West Midlands စီရင်စုတွင် မကြာသေးမီကာလများက နေထိုင်ခဲ့ကြောင်း စုံထောက်များက ယူဆကြသည်။

ထုတ်ပြန်ချက်၌ မြို့ပြရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ရန် မာစွတ်၏ ရည်ရွယ်ချက်အား ကြိုတင်ထောက်လှမ်းနိုင်မှုမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် မာစွတ်သည် တရားမဝင်လက်နက်ကိုင်ဆောင်မှု နှင့် အများပြည်သူအား ခြိမ်းခြောက်မှုများအပါအဝင် ယခင်ကပြုလုပ်ခဲ့သည့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများကြောင့် ရဲတပ်ဖွဲ့၏ ပြစ်မှုစာရင်းတွင် ၎င်းပါဝင်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် မာစွတ်သည် ယခင်က အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပါရှိသည်။ (Xinhua)