Connect with us

Europe

လန်ဒန်မြို့တွင်ရာဇဝတ်မှုထူပြောရခြင်း၏ အဓိအကြောင်းရင်း က ဆင်းရဲမွဲတေမှု ကြောင့်ဖြစ်ကြောင်းတွေ့ရှိ

လန်ဒန်မြို့လယ်၌ ရာဇဝတ်မှုတစ်ခုဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက စောင့်ကြပ်နေစဉ်။(ဆင်ဟွာ)

လန်ဒန်၊ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

လေ့လာတွေ့ရှိချက်အသစ်များအရ ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်မြို့တွင်အကြမ်းဖက်မှုနှင့်လူမှုမညီမျှမှု တို့အကြား ဆက်စပ်မှုတစ်ရပ်ကိုတွေ့ရှိခဲ့ရကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း က ဇူလိုင်လ ၁၅ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။ခန်း ကမြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သော အဓိကလေ့လာဆန်း စစ်မှု ကောက်ချက်ချအခမ်းအနားတစ်ရပ်တွင် ဆင်းရဲမွဲတေမှု က ရာဇဝတ်မှုများပြားထူပြောရခြင်း၏ အဓိကအကြောင်းရင်းအဖြစ်ပြောကြားသွားခဲ့ကြောင်းလည်းသိရသည်။

အဆိုပါလေ့လာမှုက စိုးရိမ်ဖွယ်ရာကောင်းသော လူငယ်အကြမ်းဖက်မှုနှင့် လန်ဒန်မြို့နေသူများကြုံ တွေ့နေရသည့်စားဝတ်နေရေးမလုံလောက်မှု၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေးညံ့ဖျင်းမှုနှင့်ဆင်းရဲမွဲတေမှု ပြဿနာများအကြားခိုင်မာသောဆက်စပ်မှုရှိကြောင်းကိုလည်းအတည်ပြုသက်သေပြခဲ့သည်။

လေ့လာတွေ့ရှိချက်များအရ လန်ဒန်မြို့တော်အတွင်းရှိအကြမ်းဖက်မှုများအများဆုံးဖြစ်ပွားရာမြို့နယ် များ၏ လေးပုံသုံးပုံမှာစားဝတ်နေရေးပြည့်စုံမှုမရှိဆုံး နေရာ ၁၀ နေရာလည်းဖြစ်ကြောင်းတွေ့ရသည်။ အဆိုပါမြို့နယ်များရှိ ဆင်းရဲမွဲတေမှုကိုခံစားနေရသော အသက်နှစ်ဆယ်အောက် လူငယ်များအချိုးက လည်းလန်ဒန်တစ်မြို့လုံးရှိ ဆင်းရဲမွဲတေမှုကိုခံစားနေရသော အသက်နှစ်ဆယ်အောက် လူငယ်များ၏ ပျမ်းမျှအချိုးထက်ပို၍မြင့်မားနေသည် ကိုလည်းတွေ့ရပြန်သည်။

စာရင်းဇယားများအရလန်ဒန်မြို့တော်အတွင်းရှိအကြမ်းဖက်ရာဇဝတ်မှုများဖြစ်ပွားရခြင်းအကြောင်းရင်း တစ်ရပ်အဖြစ် လန်ဒန်မြို့ရှိလူငယ်စုစုပေါင်း၏လေးပုံတစ်ပုံကအဆိုပါစားဝတ်နေရေးပြည့်စုံမှုမရှိဆုံးမြို့ နယ ်၁၀ မြို့နယ်အတွင်းနေထိုင်ကြကြောင်းတွေ့ရသည်။ ထို့ကြောင့်လည်း လန်ဒန်မြို့၌စိုးရိမ်ဖွယ် လူ ငယ်အကြမ်းဖက်မှုများက ၂၀၁၂ ခုနှစ်မှစ၍မြင့်တက်လာခဲ့ခြင်းဖြစ်ပေသည်။

လန်ဒန်လူ့အသိုင်းအဝိုင်းအတွင်းအမြစ်တွယ်ကြုံတွေ့နေရသော လူမှုရေးနှင့်စီးပွားရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ရေရှည်ပြည်သူ့ကျန်းမာရေးချဉ်းကပ်မှုအစီအစဉ်တစ်ရပ် ဖြင့်သာဆောင်ရွက်သွား ရမည်ဖြစ်သည့်အပြင် တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည့်ရဲအဖွဲ့အင်အားကောင်းအောင်ဆောင်ရွက် ခြင်းဖြင့်အကြမ်းဖက်ရာဇဝတ်မှုပြဿနာကိုပြေလည်စေမည်ဟု မြို့တော်ဝန် ခန်း ကပြောကြားခဲ့သည်။

ထို့ပြင်၎င်းက အကယ်၍ကလေးများက စားဝတ်နေရေးပြည့်စုံမှုမရှိသောအခြေအနေတွင်ကြီးပြင်းလာရ ခြင်း၊ စာရိတ္တမကောင်း၍ ကျောင်းမနေရသောအရေအတွက် တိုးတက်လာခြင်း နှင့် မိသားစုအတွင်းအ ကြမ်းဖက်မှု နှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ကိုကိုင်တွယ်ဖြေရှင်းနိုင်မှုမရှိခြင်း စသည့်အကြောင်း များက ရာဇဝတ်မှုများကို ပို၍ဖြစ်ပွားစေနိုင်သည့် အကြောင်းများဖြစ်သည်ဟုလည်း ပြောကြားသွားခဲ့ သည်။ အလုပ်အကိုင်ရှားပါးခြင်းနှင့် လေ့ကျင့်မှုအခွင့်အလမ်းများနည်းပါးခြင်းတို့ကလည်း ရာဇဝတ်မှု ဖြစ်ပွားရခြင်းများနှင့်ဆက်စပ်နေသည်ဟု ၎င်းကဆိုခဲ့သည်။

လန်ဒန်မြို့၌ လူငယ်အကြမ်းဖက်မှုများ၏ဓါးစာခံများအနက် ၁၃ ရာခိုင်နှုန်းမှာမိသားစုအတွင်းအကြမ်း ဖက်မှုများကြောင့်ဖြစ်ကြောင်းလည်းတွေ့ရှိရသည်။၎င်းကကလေးသူငယ်များ အကြမ်းဖက်မှုများတွင်ပါ ဝင်ပတ်သက်မှု နှင့် ၎င်းတို့အနေဖြင့်မိမိတို့အိမ်မိသားစုအတွင်း အကြမ်းဖက်မှုကို မြင်တွေ့နေရမှုတို့အ ကြား ဆက်စပ်မှုကိုသက်သေပြနေခြင်းဖြစ်ကြောင်းသုံးသပ်ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.