Connect with us

Europe

လန်ဒန်မြို့တွင် လမ်းသွားလမ်းလာတစ်ဦးအား ကားဖြင့် တိုက်မိ၍ လူ ၄ဦး ဒဏ်ရာရရှိ

လန်ဒန်မြို့ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တာဝန်ချိန်၌တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ရှိ Regent လမ်းမပေါ်၌ သြဂုတ် ၂၇ ရက် နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က လိုက်ဖမ်းနေသည့် ကားတစ်စီးက လမ်းသွားလမ်းလာတစ်ဦးအား ဝင်တိုက်မိသဖြင့် လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါကားအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး သြဂုတ် ၂၇ ရက် နံနက် ၄း၃၀နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လန်ဒန်အခြေစိုက် Evening Standard သတင်းစာကဖော်ပြခဲ့သည်။

ကားပေါ်တွင်လိုက်ပါလာသူ ၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးအား အန္တရာယ်ရှိစွာ ယာဉ်မောင်းနှင်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါက ကားသည် ဖိနပ်ဆိုင်တစ်ဆိုင်အား ဝင်တိုက်မိကြောင်း၊ ကားအခြေအနေမှာ လုံးဝဆိုးရွားပြီး ပျက်စီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူ လူ ၄ဦးစလုံးကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး ၎င်းတို့၏ လက်ရှိအခြေအနေကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.