Connect with us

Europe

ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ် ဖွဲ့စည်းကာ အမေရိကန် နိုင်ငံ အား ထိန်းချုပ်သွားလိုကြောင်း ပြောကြား

ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas က သြဂုတ်လ ၂၇ ရက် တွင် ဘာလင် မြို့၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် ဖွဲ့စည်းကာ အမေရိကန် နိုင်ငံ မှ ဆောင်ရွက်နေသည့် အမေရိကန် ဦးစားပေး ဝါဒ ကို ထိန်းချုပ် သွားလိုကြောင်း ပြောကြား ခဲ့သည်။

Heiko Maas က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် အဖွဲ့ အနေဖြင့် အခွင့်အာဏာ အပေါ် အဓိက အလေးမထားဘဲ ပူးပေါင်းဆောင်ရွက်မှု နှင့် စည်းစနစ်များအပေါ် ပိုမို အလေးထားမည် ဖြစ်ကြောင်း ၊ မဟာမိတ် အနေဖြင့် စည်းလုံးညီညွှတ်စွာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် အခက်အခဲ များကို ဖြေရှင်းသွားရန် ထောက်ခံကြရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ စသည့် နိုင်ငံတကာ အဖွဲ့အစည်း များ ပိုမို ထိရောက်စွာ ဆောင်ရွက်မှုများ ပြုလုပ် နိုင်ရန် ထောက်ခံ သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Heiko Maas က အချို့ နိုင်ငံများ က အခွင့်အာဏာ ကြီးမားသည့် နိုင်ငံ အား ပိုမို အလေးထားမှု ပြုလုပ်လာလျှင် မိမိတို့အနေဖြင့် နိုင်ငံတကာ စည်းမျည်း သတ်မှတ်ချက်များ ကို ပိုမို အလေးထားရမည် ဖြစ်ကြောင်း ၊ မိမိ နိုင်ငံ အင်အားကြီးမှု ဖြင့် ဒုက္ခသည် အရေး စသည့် ပြဿနာ များအား ဖြေရှင်းနိုင်မည် ဟု ယူဆထားသည့် နိုင်ငံ မှာ နောက်ဆုံးတွင် ကျရှုံးမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ Heiko Maas အနေဖြင့် ကနေဒါ ၊ ဂျပန် နှင့် တောင်ကိုရီးယား စသည့် နိုင်ငံ များနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် အဖွဲ့ ဖွဲစည်းရန် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း ၊ ယင်းမဟာမိတ် အဖွဲ့ အနေဖြင့် အဖွဲ့အစည်း အသစ် တစ်ခု ထူထောင်မည် မဟုတ်ဘဲ ကုလသမဂ္ဂ စသည့် နိုင်ငံတကာ အဖွဲ့အစည်း ၏ စည်းမျဉ်း သတ်မှတ်ချက် များကို လိုက်နာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Heiko Maas အနေဖြင့် သြဂုတ်လ ၂၁ ရက် ၌ ဆောင်းပါး ရေးသားရာတွင် ဥရောပ တိုက် ၌ အမေရိကန် နိုင်ငံ အား ထိန်းချုပ်နိုင်မည့် အင်အား တစ်ရပ် ဖွဲ့စည်း ကြရန် အကြံပြုခဲ့ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ် ဖွဲ့စည်းရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.