Connect with us

Europe

လန်ဒန် အနောက်ပိုင်းရှိ ၂၇ ထပ်အဆောက်အအုံတွင် မီးအကြီးအကျယ်လောင်ကျွမ်း

မီးအကြီးအကျယ်လောင်ကျွမ်းနေသည့် လန်ဒန် အနောက်ပိုင်းရှိ ၂၇ ထပ်အဆောက်အအုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ အနောက်ပိုင်း တွင် ဇွန်လ ၁၄ ရက် အစောပိုင်းက ၂၇ထပ် အဆောက်အအုံတစ်လုံး မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးတောက်များကို ဒုတိယထပ်မှ အဆောက်အအုံ အပေါ်ဆုံးထပ်အထိ တွေ့မြင်နေရကြောင်း လန်ဒန်မြို့မီးသတ်တပ်ဖွဲ့၏ သတင်းပေးချက်အရသိရှိရသည်။

Lancaster West Estate တာဝါ မီးလောင်နေကြောင်း သတင်းပေးချက်ကို ဒေသစံတော်ချိန် နံနက် ၁း၁၆နာရီတွင် ရဲတပ်ဖွဲ့ကရရှိခဲ့ခြင်းဖြစ်သည်။

မီးတောက်ကြီးများကို ငြိမ်းသတ်ရန်အတွက် ယင်းတာဝါသို့ မီးသတ်ကား အစီး ၄၀ နှင့် မီးသတ်သမား ၂၀၀ဦး ရောက်ရှိနေကြောင်း သိရသည်။

သေဆုံးပျက်ဆုံးမှု သတင်းများ မရရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.